ကုန်သွယ်မှုသတင်းများ
စားသုံးဆီဘူးခွံအရွယ်အစား မတူညီခြင်းကြောင့် ဈေးနှုန်းပြောင်းလဲခြင်းဆိုင်ရာ အငြင်းပွား မှုများကို အဆုံးသတ်ရန် အိန္ဒိယအစိုးရက စံလုပ်ထုံးလုပ်နည်း(SOP) ကို ပြဋ္ဌာန်းခဲ့ပြီး စံသတ်မှတ် ထားသည့်ထုပ်ပိုးမည့်အရွယ်အစားတို့ကို ပြန်လည်မိတ်ဆက်ခဲ့သည်။ ဤလုပ်ဆောင်ချက်သည် စားသုံးသူများအနေဖြင့် အသိပေးထုတ်ပြန်ထားသော အချက်အလက်များဖြင့် ဝယ်ယူခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည

ပန်းတနော်မြို့နယ်တွင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းသည် ဒေသခံများ၏ အဓိက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ကွမ်းညွှန်မျိုးများကို အောင်မြင်စွာစိုက်ပျိုးကာ ရန်ကုန်မြို့၊ ပြည်မြို့၊ ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့အနီးနားတစ်ဝိုက်ကျေးရွာများမှ ဒေသထွက်မိုးသခွားသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ အစိုးရသည် ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ နှစ်ပတ်တာကာလအတွက် ဒီဇယ်နှင့် လောင်စာဆီများ တင်ပိုမှုအပေါ်အမြတ်ခွန်နှုန်းထားများကို တိုးမြှင့်လိုက်ကြောင်း သိရပြီး ဓာတ်ဆီတင်ပို့မှုအတွက်များမှာ လက်ရှိအခွန်နှုန်းထားအတိုင်း ဆက်လက်ထားရှိသည်ဖြစ် ကြောင်း သိရပါသည်။

အိန္ဒိယနိုင်ငံ၏ ပေါင်သန်းပေါင်းများစွာ တန်ဖိုးရှိသော သရက်သီးကုန်သွယ်မှုလုပ်ငန်းသည် ပြင်းထန်သော ရာသီဥတုဖောက်ပြန်မှုများ၊ ကုန်သွယ်မှုကန့်သတ်ချက်များနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့် ကြီးမားသော ဖိအားများနှင့် ရင်ဆိ

