Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Aug 2024

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ရှိ နဂါးပေါ်ရပ်ကွက်တွင် မိရိုးဖလာလုပ်ငန်းစုတစ်ခုဖြစ်သည့် လက်ဆွဲခြင်းနှင့်ဇကာခုံး ယက်လုပ်သည့်လုပ်ငန်းကို မိသားစုတစ်နိုင် တစ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်ကြပါသည်။

26 Aug 2024

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်၊ သစ်ရာမြိုင်ဈေးတွင် နာနတ်သီးများ ရောင်းချလျက်ရှိရာ မိမိတို့ဒေသထွက် သီးနှံမဟုတ်သဖြင့် အခြားဒေသများဖြစ်သည့် မြစ်ကြီးနားမြို့၊ အင်းတော်မြို့၊ မန္တလေးမြို့နှင့် သီပေါမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

26 Aug 2024

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

26 Aug 2024

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြရာ ရာသီပေါ်သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းအပြင် မိသားစု တစ်နိုင်တစ်ပိုင်အနေဖြင် ကြက်ဟင်းခါးသီးကို စိုက်ပျိုးရောင်းချကြပါသည်။ ကြက်ဟင်းခါးသီးကို မိမိတို့ မြေကွက်များနှင့်အိမ်ခြံဝင်းများအတွင်းတွင် စင်ထိုးစိုက်ပျိုးခြင်းနှင့် မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ကြက်ဟင်းခါးသီး မျိုးများမှာ(၂)မျိုးရှိပြီး ကြက်ဟင်းခါးသီး(ထိုင်ဝမ်)နှင့် ကြက်ဟင်းခါးသီး (ဗမ

26 Aug 2024

    ကမ္ဘာ့စားအုန်းဆီ အများဆုံးတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းစားအုန်းဆီ ဈေးနှုန်း တည်ငြိမ်စေရန်အတွက် ပြည်တွင်းဈေးကွက်အတွင်း ရောင်းချပေးရန်တာဝန်ရှိမှု (Domestic Market Obligation-DMO) စည်းမျဉ်းများ တစ်နည်းအားဖြင့် ပြည်တွင်းစားအုန်းဆီ ထုတ်လုပ်မှုပမာဏအပေါ် မူတည်၍ ပြည်တွင်းသုံးစွဲမှုနှင့် တင်ပို့မှုပမာဏအချိုးအစား သတ်မှတ် သည့်စည်းမျဉ်းအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ပါသည်။ အဆိုပါ DMO အစီအစဉ်အရ စားအုန်းဆီ ထုတ်လုပ်သူများအနေဖြင့် ပို့ကုန်ပါမစ်ရရှ

Pages