Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Aug 2024

      ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇) လတွင် စုစုပေါင်းတန်ချိန် ၈၃၀၀၀၀ ထုတ် လုပ်မှုဖြင့် ကမ္ဘောဒီးယားသည် အိုင်ဗရီကို့စ်နိုင်ငံ၏နောက်တွင် သီဟိုဠ်စေ့ကုန်ကြမ်း ကမ္ဘာ့ဒုတိယ အများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်လာကြောင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့လုပ်ငန်းအသင်း (CAC) ၏ အစီရင်ခံစာအရ သိရှိရသည်။

26 Aug 2024

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ရေစကြို၊ ပေါက်၊ ကမ္မ၊ ရေပြာနယ်များမှ ဆောင်းစိုက်ပင်စိုက်ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။ ပခုက္ကူမြို့နယ်ကြက်သွန်နီစိုက်ပျိုးရာဒေသများသာမက အခြားမြို့နယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း ကြက်သွန်နီကုန်သည်များထံမှသိရှိရပါသည်။  ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)အတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ လက်ကားဈေးနှုန်းများမှာ ယောစ ထိပ်စတစ်ပိဿာလျှင် က

26 Aug 2024

    အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆန်ပို့ကုန်လုပ်ငန်းများအသင်း (ARIA) ၏ အုပ်ချုပ်ရေးအဖွဲ့အသစ် သည် နယူးဒေလီမြို့တွင် ဩဂုတ်လ ၁၆ ရက်နေ့၌ အစည်းအဝေးတစ်ရပ်ကျင်းပလျက် အနိမ့်ဆုံး ပို့ကုန်စျေးနှုန်း (Minimum Export Price - MEP) မြင့်မားမှုကြောင့် ဆန်လုပ်ငန်းတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုအား တားမြစ်ထားသည့်ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

26 Aug 2024

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဝါကြီး၊ ချည်မျှင် ရှည်ဝါ၊ ချည်မျှင်တိုဝါတို့စိုက်ပျိုးကြပါသည်။ ယခင်နှစ်က စိုက်ဧကမှာ (၁၀၀၀၀)ကျော်ရှိခဲ့သော်လည်း ယခုနှစ်တွင် စိုက်ပျိုးမှုဧကမှာ (၅၀၀၀-၆၀၀၀)ခန့်စိုက်ပျိုးကြကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ ကျပ် (၁၀)သိန်းခန့်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၁၈)သိန်းခန့်ရရှိကြောင်း ဝါစိုက်တောင်သူ များထံမှသိရှိရပါသည်။

26 Aug 2024

     တောင်ကိုရီးယားနိုင်ငံ၌ ဆန်ပိုလျှံထွက်ရှိမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဈေးကွက်အတွင်း ဈေးနှုန်းများတည်ငြိမ်မှုရှိစေရန်အတွက် အစိုးရသည် ယခုနှစ်ရိတ်သိမ်းထွက်ရှိမှုမှ  ဆန်တန်ချိန် ၄၀၀၀၀၀ နှင့် ယခင်နှစ်ထွက်ရှိမှုမှ တန်ချိန် ၅၀၀၀၀ ၊ စုစုပေါင်း ဆန်တန်ချိန် ၄၅၀၀၀၀ ကို အရန် ရိက္ခာအဖြစ် ဝယ်ယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ဩဂုတ်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

Pages