ကုန်သွယ်မှုသတင်းများ
အီတလီသည် ယူဂန်ဒါကော်ဖီကို ထိပ်တန်းတင်သွင်းသူအဖြစ် ဆက်လက်လွှမ်းမိုးထားပြီး ယူဂန်ဒါ၏ ကော်ဖီတင်ပို့မှုမဟာဗျူဟာတွင် ရေးပါသောအခန်းကဏ္ဍမှ အားဖြည့်ပါဝင်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာရှိသောနယ်ပယ်များကို မီးမောင်းထိုးပြပြီး တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလိုအပ်လျက်ရှိကြောင်း ဝန်ကြီးချုပ် ဟွန်မာနက် ကသြဂုတ်လ ၂၀ရက်နေ့တွင်ပြောကြားခဲ့သည်။

စက်မှုလုပ်ငန်းသုံး စက်ယန္တရားများ၊ ဆဲလ်ဖုန်းများ၊ အိုးများနှင့် ဒယ်အိုးများအပါအဝင် တရားမဝင်တင်သွင်းလာသော IDR ၂၀.၂၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၃ဘီလီယံ)တန်ဖိုးရှိ ကုန်ပစ္စည်းများကို အင်ဒိုနီးရှားအာဏာပိုင်များက သြဂုတ်လ ၁၉ရက်နေ့တွင် ဖျက်စီးခဲ့သည်။

ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နှင့်တရုတ်အတွက် ကြီးမားသောအခန်းကဏ္ဍရှိနေသေးကြောင်း တရုတ်ကျွမ်းကျင်ပညာရှင်များပြောကြား ချက်အရသိရပါသည်။

အီသီယိုပီးယားနိုင်ငံအစိုးရသည် ဓါတ်ဆီကားများနှင့် လုံခြုံရေးပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းများကို နိုင်ငံခြားငွေဖြင့် ငွေပေးချေရန် မလိုအပ်ဘဲ တင်သွင်းခွင့်ပြုမည်ဟု ကြေညာထားသည်။ ၎င်းအား France Valuta စနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်သည်။
