Main menu

အင်ဒိုနီးရှားနိုင်ငံသည် တရားမဝင်တင်သွင်းလာသည့်‌ ဒေါ်လာ ၁.၃သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများကိုဖျက်စီး

Powered by Drupal

       စက်မှုလုပ်ငန်းသုံး စက်ယန္တရားများ၊ ဆဲလ်ဖုန်းများ၊ အိုးများနှင့် ဒယ်အိုးများအပါအဝင် တရားမဝင်တင်သွင်းလာသော IDR ၂၀.၂၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၃ဘီလီယံ)တန်ဖိုးရှိ ကုန်ပစ္စည်းများကို အင်ဒိုနီးရှားအာဏာပိုင်များက သြဂုတ်လ ၁၉ရက်နေ့တွင် ဖျက်စီးခဲ့သည်။

        အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan ကတင်သွင်းလာသော ကုန်ပစ္စည်းများသည် သွင်းကုန်စည်းကမ်းကိုလိုက်နာခြင်းမရှိ‌ကြောင်း၊ ယင်းကုန်ပစ္စည်းများတွင် အင်ဒိုနီးရှား နိုင်ငံ၏ စံချိန်စံညွှန်းနှင့်မကိုက်ညီသော ကြိတ်ခွဲစက်များ၊ တူးဖော်သည့်စက်များ၊ မိုဘိုင်းလ်ဖုန်းများနှင့် တက်ဘလက်များပါဝင်ပါသည်။

      လျှပ်စစ်ဒယ်အိုးများနှင့် ကားဆေးကြောသည့်စက်များသည်ပင် တန်ဖိုး  IDR ၁၅ဘီလီယံအထိရှိသည်။အခြားကုန်ပစ္စည်းများတွင် ကုန်သေတ္တာများ၊ လျှပ်စစ်ဘွိုင်လာကြိုးများ၊ တာယာများ၊ အထည်အလိပ်ပစ္စည်းများ၊ ရေအောက်ပလပ်စတစ်များ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် အရက်ယမကာများပါဝင်သည်။

    လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံသည် တရားမဝင်တင်သွင်းလာသော ကုန်ပစ္စည်းများ၏ လွှမ်းမိုးမှုကိုတိုက်ဖျက်နိုင်ရန် အားထုတ်ကြိုးပမ်းလျက်ရှိသည်။ တရားမဝင်တင်သွင်းမှုများ (သို့မဟုတ်) မြေအောက်စီးပွားရေးဟုခေါ်ဝေါ်သည့် ကုန်ပစ္စည်းများသည် နိုင်ငံတော်ဝင်ငွေ၏ ၄၀ရာခိုင်နှုန်းအထိဆုံးရှုံးခဲ့ကြောင်း Hasan ကပြောကြားခဲ့သည်။

Source; Vnexpress

 

DOCA(ရန်ကုန်)