Main menu

ဗီယက်နမ်-တရုတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးအတွက် ကြီးမားသော အခန်းကဏ္ဍဆက်လက်ရှိနေ

Powered by Drupal

      ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နှင့်တရုတ်အတွက် ကြီးမားသောအခန်းကဏ္ဍရှိနေသေးကြောင်း တရုတ်ကျွမ်းကျင်ပညာရှင်များပြောကြား ချက်အရသိရပါသည်။

         အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Shi Zhong Jun က လတ်တလောနှစ်များအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ ဗျူဟာမြောက် ညွှန်ကြားမှုများအောက်တွင် တရုတ်-ဗီယက်နမ် ဆက်ဆံရေးသည်  နယ်ပယ်အစုံတွင် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုများရရှိခဲ့ကြောင်းပြောကြားခဲ့ပါသည်၊ Shi က လတ်တလောနှစ်များအတွင်း နှစ်နိုင်ကြားပူးပေါင်းဆောင်ရွက်မှုသည် အရှိန်အဟုန်ဖြင့် ကျယ်ပြန့်စွာဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်းနှင့် အထူးသဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးနယ်ပယ်တွင် ဗီယက်နမ်သည် တရုတ်၏အာဆီယံနိုင်ငံများထဲတွင် အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး လတ်တလောတွင်လည်း များစွာသော တရုတ်လုပ်ငန်းရှင်များသည် ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံရန် အစီအစဉ်များရှိကြောင်းပြောကြားခဲ့ပါသည်။နှစ်နိုင်ငံပြည်သူများကြားပညာရေး၊ လူငယ်နှင့်ခရီးသွားကဏ္ဍတို့တွင် အပြန်အလှန်နှီးနှောဖလှယ်ခြင်းတို့သည်လည်း အားကောင်းလာသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင် ရှိနေကြောင်းပြောကြားခဲ့ပါသည်။

      နှစ်ဖက်စလုံးသည် နယ်ပယ်အားလုံးတွင် ၎င်းတို့၏ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းရန်ရည်ရွယ်၍ နှစ်နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့များအကြား ရရှိခဲ့ပြီးဖြစ်သည့် သဘောတူညီချက်များအား ထိရောက်စွာအကောင်အထည်ဖော်လျက်ရှိကြောင်းသိရပါသည်။

     တရုတ်-အာဆီယံစီးပွားကောင်စီဥက္ကဋ္ဌနှင့် ဒေသတွင်းကျယ်ပြန့်သော စီးပွားရေးမိတ်ဖက် စက်မှုပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ဥက္ကဋ္ဌဖြစ်သူ Xu Ningning က နှစ်ဖက်အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတို့ကိုမြှင့်တင်ရန် ကြီးမားသည့်အခန်းကဏ္ဍရှိနေသေးသည်ဟု ယုံကြည်ကြောင်းနှင့် တရုတ်စီးပွားရေးလုပ်ငန်းများသည် ဗီယက်နမ်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးအခွင့်အလမ်းသစ်များနှင့်ပတ်သက်၍ အလွန်အကောင်းမြင်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ Xu သည် လတ်တလောတွင် တရုတ်စီးပွာရေးကိုယ်စားလှယ်အဖွဲ့ဝင် ၁၅၀ခန့်ကိုဦးဆောင်၍ ဗီယက်နမ်သို့ အလည်အပတ်ခရီးသွားရောက်ခဲ့ကြောင်းသိရပါသည်။ အဆိုပါခရီးစဉ်အတွင်း ဆွေးနွေးပြောဆိုရာတွင် နှစ်ဖက်စလုံးမှ စီးပွားရေးလုပ်ငန်းရှင်များသည် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းရန်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟုသိရပါသည်။

         တရုတ်နိုင်ငံသည် ဗီယက်နမ်၏အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်၊ အကြီးမားဆုံးတင်သွင်းရာဈေးကွက်နှင့် ဒုတိယအကြီးမားဆုံးတင်ပို့ရာဈေးကွက်ဖြစ်ကြောင်းသိရပါသည်။ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုမှာ ၂၀၂၃ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၁.၉ဘီလီယံရှိပြီး ၂၀၂၄၏ပထမ(၇) လတွင် အမေရိကန်ဒေါ်လာ ၁၁၂.၆ဘီလီယံရှိကြောင်းသိရပါသည်။

 

Source; vietnan

DOCA(ရန်ကုန်)