ကုန်သွယ်မှုသတင်းများ
ဗီယက်နမ်နိုင်ငံသည် ကမ္မာ့ရှစ်ခုမြောက် အကြီးမားဆုံးလက်ဖက်ခြောက်တင်ပို့သူဖြစ်ပြီး ယခုနှစ်၏ ပထမ ၇ လတွင် လက်ဖက်ခြောက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၃၅ သန်း ရရှိခဲ့ကာ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၃၄.၈ % မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်၏ လက်ဖက်ခြောက်တင်ပို့သည့် ပျမ်းမျှဈေးနှုန်းသည် တစ်တန်ကို ၁၂၇၂.၇ အမေရိကန် ဒေါ်လာရှိခဲ့ပြီး ၁.၆ % မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ(၁)လတည်းတွင် လက်ဖက်ခြောက် တင်ပို့မှုတန်ချိန် ၁၆၀၀၀ ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉ သန်း ဝင်ငွေရရှိ

ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့၏ ကုန်သွယ်မှုသည် ယခုနှစ်ပထမ ၇ လတာ ကာလတွင် သိသာထင်ရှားသည့် ကြီးထွားမှုပြသခဲ့ပြီး အိမ်နီးချင်းနှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယကျော် ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၎င်းပမာဏသည် လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၃.၅ % မြင့်တက်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းမှု နက်ရှိုင်းခြင်းကို ပြသခြင်းဖြစ်ကြောင်း သိရပါသည်။ အချက်အလက်များအရ ကမ္ဘောဒီးယားမှ ဗီယက်နမ်သို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံရ

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဒေသတွင် ယခုအပတ်ပြောင်းဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး (၁၅၅၀) ကျပ်ဖြင့် ဈေးရှိနေပြီး လက်ကျန်နည်းပါးလာ၍ စီးဆင်းမှုလျော့နည်းခဲ့ပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး၁-၁၀၅၀၀ကျပ်၊ ထူး၂-၁၁၀၀၀ကျပ်၊ ထူး၃- ၁၁၅၀၀ကျပ်၊ ထူး၄-၁၂၀၀၀ကျပ်၊ ထူး၅-၁၂၅၀၀ကျပ်နှင့် ဥတစ်လုံးအလတ်ဆိုဒ်မှာ ၂၂၀၀၀ကျပ်ဈေးရှိနေကြပြီး ဈေးကွက်ဝင်ရောက်မှုနည်းကာ ပြည်တွင်းအသုံးများ၍ သယ်ယူစရိတ်မြင့်မားလာမှုကြောင့် ဈေးမြင့်တက်လာပြီး စီးဆင်းမှုမှာ ယခင်အပတ်တိုင်းပုံမှန်ဖြစ်နေပါသည်။<
အဓိကဈေးကွက်များထံမှ ဝယ်လိုအားနှင့် ဘတ်ငွေတန်ဖိုးအားပျော့မှုတို့ ကျေးဇူးကြောင့် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် မူလခန့်မှန်းထားသည့် ဆန်တန် ၇.၅ သန်းကို ကျော်လွန်၍ ဆန် တန်ချိန် ၈.၂ သန်းကို ပြည်ပသို့တင်ပို့နိုင်မည်ဟု မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနအဆိုအရ သိရပါသည်။ ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipet က ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၅.၀၈ သန်း တင်ပို့ခဲ့ရာမှ ဘတ် ၁၁၇.၈ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်

ကမ္ဘောဒီးယားနိုင်ငံ၏ ဒေသဆိုင်ရာကျယ်ပြန့်သော စီးပွားရေးအဖွဲ့အစည်း (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုမှာ ယခုနှစ် ပထမ (၇)လတွင် အမေရိကန်ဒေါ်လာ ၁၉.၈၇ ဘီလီယံရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၆.၈ % မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ အဆိုပါကာလ အတွင်း ကမ္ဘောဒီးယား၏ RCEP အဖွဲ့ဝင် နိုင်ငံများနှင့် ကုန်သွယ်မှုသည် ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှု၏ ၆၂.၉% ရှိကြောင်း သိရပါသည်။ ဇန်နဝါရီလမှ ဇူလိုင်အလတ
