Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Aug 2024

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ စပါးဈေးနှုန်းမှာ ပြီးခဲ့သည့် ဩဂုတ်လ၊ ဒုတိယအပတ်တွင် မိုးစပါး (၄၆)ပေါင်ပါ စပါးတင်း(၁၀၀)လျှင် (၁၈၄၀၀၀၀) ကျပ်အောက်သို့ရောက်ရှိခဲ့ရာမှ ဩဂုတ်လ တတိယပတ်တွင် ၄၆ပေါင်ပါတင်း (၁၀၀)လျှင် (၂၀၂၄၀၀၀)ကျပ်ရှိခဲ့ပြီး  စပါးဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာခဲ့ကာ အရောင်းအဝယ်ရှိကြောင်း စပါးကုန်သည်တစ်ဦးထံမှသိရှိရပါသည်။

26 Aug 2024

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၏ မတ်ပဲဈေးကွက်အခြေအနေမှာ ဩဂုတ်လ ပထမပတ်တွင် ပိဿာ(၂၀)ဝင်တစ်တင်းလျှင်  (၁၀၇၇၀၀)ကျပ်ဖြစ်သော်လည်း   ဩဂုတ်လ တတိယပတ်တွင် (၁၁၇၇၀၀)ကျပ်ဈေးရှိခဲ့သဖြင့် (၁၀၀၀၀)  ကျပ်သို့ အနည်းငယ်မြင့်တက်သွားကြောင်း၊ ကုလားပဲပိဿာ(၂၀) ဝင်တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်၊ ဘိုကိတ်တစ်တင်းလျှင်(၁၃၀၀၀၀)ကျပ်၊ ထောပတ်ပဲတစ်တင်းလျှင် (၁၅၀၀၀၀) ကျပ်၊ စားတော်ပဲတစ်တင်းလျှင်(၁၁၀၀၀၀) ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ပဲမျိုးစုံကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

26 Aug 2024

      သာယာဝတီခရိုင်အတွင်းရှိမြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ ဇူလိုင်လ နောက်ဆုံးသီတင်းပတ်တွင် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် (၁၀၈၅၀၀)ကျပ်မှ (၁၀၈၇၀၀)ကျပ်ထိရှိပြီး ဩဂုတ်လ၊ တတိယအပတ်တွင် ပိဿာ (၂၀)ဝင်တစ်တင်းကို (၁၁၇၇၀၀)ကျပ်ခန့်မှ (၁၁၈၅၀၀) ကျပ်ရှိပါသည်။ စီးထွက်မှုအနေဖြင့် ဇူလိုင်လတစ်လလုံးတွင် ရန်ကုန်မြို့သို့ အိတ်လုံးရေ (၁၅၃၉၀၀) အိတ်ခန့်တင်ပို့နိုင်ခဲ့ပါသည်။ဩဂုတ်လ၊ တတိယအပတ်ထိ တင်ပိုမှုအနေဖြင့် (၇၆၂၀၀)အိတ်ခန့်တင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

23 Aug 2024

   အမေရိကန်နှင့် အိုမန်ကုန်သွယ်မှုသည် မေလတွင် ၆.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး Omani rials ၇၄၂.၉သန်(ဒေါ်လာ ၁.၉ဘီလီယံ) အထိရောက်ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

    National Center For Statistic and Information ၏ပမာဏကိန်းဂဏန်းများအရ အိုမန်မှ အမေရိကန်နှင့် တောင်အာဖရိကသို့ တင်ပို့မှုသည် မေလကုန်တွင်rials  ၂၅၅ သန်းကျော် ရောက်ရှိခဲ. ပြီးယမန်နှစ်အလားတူကာလကထက် ၂၃.၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။

23 Aug 2024

      ပဲခူးတိုင်းဒေသကြီး (အနောက်) ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၆-၈-၂၀၂၄)ရက်နေ့တွင် ပေါင်းတည်မြို့နယ်၊ ဘိုကုန်းကျေးရွာသို့သွားရောက်၍ ခရမ်းချဉ်သီး (မြေပုံသီး) စိုက်ပျိုးသူတောင်သူနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ တောင်သူက ခရမ်းချဉ်သီးစိုက်ပျိုးရာတွင် တစ်ကျိုးလျှင် မျိုးစေ့ထုပ် (၂)ထုပ်ခန့်စိုက်ပျိုးရပြီး တစ်ထုပ်လျှင် (၁၅၀၀၀) ကျပ်ခန့်ပေးရကြောင်း (မျိုး၊ ဆေးဖိုး၊ အလုပ်သမားခ) စုစုပေါင်းအလုပ်သမားခမှာ (၁၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီးသည်

Pages