
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၏ မတ်ပဲဈေးကွက်အခြေအနေမှာ ဩဂုတ်လ ပထမပတ်တွင် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် (၁၀၇၇၀၀)ကျပ်ဖြစ်သော်လည်း ဩဂုတ်လ တတိယပတ်တွင် (၁၁၇၇၀၀)ကျပ်ဈေးရှိခဲ့သဖြင့် (၁၀၀၀၀) ကျပ်သို့ အနည်းငယ်မြင့်တက်သွားကြောင်း၊ ကုလားပဲပိဿာ(၂၀) ဝင်တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်၊ ဘိုကိတ်တစ်တင်းလျှင်(၁၃၀၀၀၀)ကျပ်၊ ထောပတ်ပဲတစ်တင်းလျှင် (၁၅၀၀၀၀) ကျပ်၊ စားတော်ပဲတစ်တင်းလျှင်(၁၁၀၀၀၀) ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ပဲမျိုးစုံကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)