ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ရေခါး၊ ကုန်းကြီး၊ တောင်ဦး၊ လယ်လှနှင့် ဒေါင်းဘုတ် စသည့်ကျေးရွာများတွင် ချည်မျှင်ရှည်ဝါကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)မှ စတင်၍ စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများအား စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များအတွက် သင့်တင့်မျှတသောဈေးနှုန်းဖြင့်ဝယ်ယူ၍ ပြည်တွင်းစက်မှုနှင့်စားသောက်ကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးရည်ရွယ်ကာ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်လက်အောက်ရှိ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်ငန်းရှင်များအသင်းတို့၏အစီအစဉ်ဖြင့် ကြည်မြင့်တိုင်မြို့နယ်၊ KIP ဆီကန်မှ တိုင်းဒေသကြီး/ ပြည်နယ်မျာ

မော်လမြိုင်မြို့တွင် ယခင် (ဇူလိုင်လ)က ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းနှင့် ယခုလ ဩဂုတ်လ(တတိယပတ်)၌ ဖြစ်ပေါ်လျက်ရှိသော ပဲဈေးနှုန်းများမှာ သိသိသာသာ ဈေးနှုန်းမြင့်တက်လာပါသည်။ အဆိုပါ ပဲမျိုးစုံဖြစ်သော ပဲတီစိမ်း (ရွှေဝါ)၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွန်းဖြူ။ ဘိုကိတ်၊ ပဲပုပ်၊ မြေပဲတို့ဖြစ်ပါသည်။ ၎င်းပဲအမျိုးအစားများ၏ ဈေးနှုန်းမြင့် တက်လာမှု အခြေအနေမှာ ၂၀ ပိဿာ (တစ်တင်း)လျှင် ကျပ် ၃၀၀၀ခန့်မှ ကျပ် ၂၀၀၀၀ ဝန်းကျင်ခန့်သို့ ဈေးနှုန်းမြှင့်တက်မှုတွေ့ရှိရပါသည်။

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၁၃-၈-၂၀၂၄) ရက်နေ့မှ (၁၉-၈-၂၀၂၄) ရက်နေ့အထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၂၆၁၂၈) အိတ်၊ ပေါ်ကျွဲ (၁၁၅၇၀) အိတ်၊ ဧည့်မထ (၉၅၀၅၅) အိတ်၊ ဆန်ကွဲ (၂၁၂၇၈) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၈၆၂၄) အိတ်နှင့် ပဲခူးတိုင်း (အနောက်) မြ

၁၉-၈-၂၀၂၄ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်သစ်တစ်ပိဿာဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် ကျပ်၄၈၀၀မှ ကျပ်၅၀၀၀၊ ညောင်ဦးဆေးရှယ် (ထန်း) သစ် ကျပ် ၅၃၀၀၊ ညောင်ဦးဆေးရှယ်(ထန်းရော)သစ် ကျပ်၄၅၀၀၊ ပခုက္ကူကြမ်း ကျပ် ၄၉၀၀၊ ရေစကြိုထန်းလျက် ကျပ်၅၆၅၀၊ ကြံသကာ(သွပ်စ) ကျပ်၃၀၀၀မှ ကျပ်၃၁၀၀၊ မန်ကျည်းသီးများဖြစ်သော မန်ကျည်းသီး ပွင့်ကပ်(သစ်) ကျပ်၃၅၀၀မှ ကျပ်၃၆၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။
DOCA(ရန်ကုန်)
