Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Aug 2024

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိဈေးကွက်သို့ ကျေးရွာများနှင့် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မြို့သစ်၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မိုးနှမ်းများရိတ်သိမ်းပြီးဖြစ်၍ နေ့စဉ်ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)အတွင်း နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ငွေကျပ်(၁၅၀၀၀၀)၊ နှမ်းဖြူ(ခြုံ) တစ်တင်းလျှင် ငွေကျပ်(၁၄၃၀၀ဝ)၊ နှမ်းနီတစ်တင်းလျှင် ငွေကျပ်(၁၃၈၀၀၀)၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ငွေကျပ်(၂၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ

22 Aug 2024

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အခြားတိုင်း/ပြည်နယ်များနှင့်မတူဘဲ ဒိန်ချဉ်ကို မြေအိုးထဲတွင်ထည့်၍ အသင့်သောက်သုံးရန်ရောင်းချပေးနေသော ထားဝယ်အိုးကလေး ဒိန်ချဥ်အကြောင်းအား တင်ပြလိုက်ပါသည်။

22 Aug 2024

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများ ရောင်းချလျက်ရှိပါသည်။ အဆိုပါဆိုင်များတွင် ဘိလပ်မြေများကို ဩဂုတ်လ(တတိယပတ်)အတွင်း မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေအိတ်ရေ(၂၀၉၅)အိတ် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

22 Aug 2024

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

22 Aug 2024

    မကွေးတိုင်းဒေသကြီးသည်  နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံ၊ နေကြာ၊ ဝါ၊ စပါး၊ ပြောင်း စသည့်တို့ကို နှစ်စဉ် စိုက်ပျိုးလျက်ရှိ၍ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိသော ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးတွင် လိုအပ်သည့် သွင်းအားစု(ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး)များလည်း သုံးစွဲကြကြောင်း သိရသည်။

Pages