ကုန်သွယ်မှုသတင်းများ
ပြောင်းဖူးသည် လူအများကြိုက်နှစ်သက်သည့် သီးနှံတစ်မျိုးဖြစ်ပြီး ၎င်းကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စိုက်ပျိုးနိုင်ပါသည်။ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပြောင်းဖူးကို ကညွတ်ကွင်းဒေသ၌ အများဆုံးစိုက်ပျိုးပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမီတက်သည် အသင်းသားများနှင့်မိသားစုဝင်များ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်သည့်အပြင် ဒေသစီးပွားရေးဖွံဖြိုးတိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါသည်။

တောင်ငူမြို့တွင် မတ်ပဲမှာ ယခင်အပတ်တွင် (ပိဿာ၃၀ဝင်အိတ်) တစ်အိတ်လျှင် ၁၆၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုသြဂုတ်လ၊ တတိယအပတ်တွင် တစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၁၂၀၀၀ကျပ်ဈေးမြင့်တက်လာပါသည်။
ပဲတီစိမ်းမှာ ယခင်အပတ်တွင် (ပိဿာ၃၀ဝင်အိတ်) တစ်အိတ်လျှင် ၁၆၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုသြဂုတ်လ၊ တတိယအပတ်တွင် တစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၁၂၀၀၀ကျပ်ဈေးမြင့်တက်လာပါသည်။

တောင်ငူမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ကြံ့နှစ်ကောင်(အနီ)အမှတ်တံဆိပ် ဘိလပ်မြေမှာ ယခင်လကုန်တွင် တစ်အိတ်လျှင် ၉၈၀၀ကျပ်ရှိခဲ့ရာမှ သြဂုတ်လ၊ တတိယအပတ်တွင် တစ်အိတ်လျှင် ၁၁၅၀၀ကျပ်ရှိသဖြင့် နှစ်ပါတ်အတွင်း တစ်အိတ်လျှင် ၁၇၀၀ကျပ်ဈေးမြင့်တက်လျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ငမင်ကျေးရွာ၊ ပိတ်စွယ်စုံ၊ ဂွေးကုန်း၊ တလုပ်ပင်ညွှန့်၊ အောင်းစုကျေးရွာတို့တွင် ပဲတီစိမ်းများစိုက်ပျိုးလျက်ရှိပြီး တောင်တွင်းကြီး မြို့ပေါ်ရှိ ကုန်စည်ဒိုင်နှင့် ပွဲစားကုန်သည်များထံသို့ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
