![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၂၇၉_1.jpg?itok=Zrgs6WvA)
ပြောင်းဖူးသည် လူအများကြိုက်နှစ်သက်သည့် သီးနှံတစ်မျိုးဖြစ်ပြီး ၎င်းကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စိုက်ပျိုးနိုင်ပါသည်။ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပြောင်းဖူးကို ကညွတ်ကွင်းဒေသ၌ အများဆုံးစိုက်ပျိုးပါသည်။
ပြောင်းဖူးသည် အနီမျိုးနှင့် အဖြူမျိုးဟူ၍ နှစ်မျိုးရှိပြီး ၎င်းတို့ကို သကြားပြောင်းနှင့် ပြောင်းစီး (ဘိုကတော်)ဟူ၍လည်းခေါ်ပါသည်။ ပြောင်းဖူးကို ပြုတ်စား၍သော်လည်းကောင်း၊ ကြော်စား၊ လှော်စား၊ သုပ်စား၍သော်လည်းကောင်း အမျိုးမျိုးစားသုံးကြပါသည်။
ကညွတ်ကွင်းဒေသထွက် ပြောင်းဖူးများကို ဒေသတွင်း၌ ဖြန့်ဖြူးရောင်းချလျက်ရှိရာ ယခင်နှစ်တွင် တစ်ဖူးလျှင် ၂၅၀ကျပ်မှ ၃၀၀ကျပ်အထိရှိခဲ့ပြီး ပြောင်းဖူးကိုပြုတ်ကာ ပြန်လည်ရောင်းချသူများက တစ်ဖူးလျှင် ၅၀၀ကျပ်ဖြင့်ရောင်းချကြပါသည်။ ယခုနှစ် သြဂုတ်လ၊ တတိယအပတ်တွင် တစ်ဖူးလျှင် ၈၀၀ကျပ်ရှိပြီး ပြောင်းဖူးပြုတ်ရောင်းချသူများက တစ်ဖူးလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချကြပါသည်။
ပြောင်းဖူးသည် ပရိုတိန်းဓာတ်အပါအဝင် အာဟာရဓာတ်များစွာပါဝင်ပြီး အရသာလည်းကောင်းမွန်သဖြင့် ရောင်းအားကောင်းကြောင်း ပြောင်းဖူးပြုတ်ရောင်းချသူတစ်ဦးထံမှသိရပါသည်။
DOCA(ပဲခူး)