Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Aug 2024

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော ဘုရားပန်းအမျိုးမျိုးဈေးနှုန်းများမှာ ဂန္ဓာမာပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းပန်း၊ နှင်းဆီပန်း၊ သပြေပန်း(အောင်သပြေ)နှင့် အာစီယံသပြေတို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

22 Aug 2024

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ရာသီပေါ်သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းအပြင် မိသားစုတစ်နိုင်တစ်ပိုင်အနေဖြင် ကင်းမုံသီးကို စိုက်ပျိုးရောင်းချလျက်ရှိကြပြီး ကင်းမုံသီးကို မိမိတို့အိမ်ခြံဝင်းများတွင် စင်ထိုးစိုက်ပျိုးခြင်းနှင့် မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးကြသည်ကိုသိရှိရပါသည်။ ကင်းမုံသီးမျိုးများမှာ (၂)မျိုးရှိပြီး ကင်းမုံအချိုသီးနှင့် ကင်းမုံအခါးသီးဟူ၍နှစ်မျိုးရှိပြီး ကင်းမုံသီးကို ကျွန်းလှမြို့နယ်အတွင်းရှိကျေးရွာများ

22 Aug 2024

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

22 Aug 2024

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ခရမ်းချဉ်သီးကို သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ အများဆုံး မှာယူရောင်းချကြောင်း သိရသည်။

22 Aug 2024

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင်  ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့်ဆေးဘဲဥများကို မကွေးမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

Pages