Main menu

ကန့်ဘလူမြို့မစည်ပင်သာယာဈေး၌ ဖြစ်ပေါ်နေသော ဘုရားပန်းမျိုးစုံဈေးနှုန်းအခြေအနေ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော ဘုရားပန်းအမျိုးမျိုးဈေးနှုန်းများမှာ ဂန္ဓာမာပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းပန်း၊ နှင်းဆီပန်း၊ သပြေပန်း(အောင်သပြေ)နှင့် အာစီယံသပြေတို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

      ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(စတုထ္ထပတ်)တွင် ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း ဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ဈေးနှုန်းများမှာ ဂန္ဓာမာပန်း(အပွင့်ကြီး) ၃ခက်ပါတစ်စည်းလျှင် ကျပ်(၃၅၀၀)၊ ဂန္ဓာမာပန်း(အပွင့်သေး) ၅ခက်ပါတစ်စည်းလျှင် ကျပ်(၈၀၀)၊ ပန်တိမ်ငို ၅ခက်ပါတစ်စည်းလျှင် ကျပ်(၁၀၀၀)၊ နှင်းပန်း ၅ခက်ပါတစ်စည်းလျှင် ကျပ်(၈၀၀)၊ နှင်းဆီပန်း(အကြီး/အသေး) အမျိုးအစားအလိုက် တစ်ပွင့်လျှင် ကျပ်(၂၅၀/၃၀၀/၃၅၀)၊ သပြေပန်း ငုတ်(သေး၊ လတ်၊ ကြီး) အရွယ်အစားအလိုက် ကျပ်(၁၀၀၀/၁၅၀၀/၂၅၀၀)၊ အောင်သပြေ  ရိုးရိုးအခက် ၁၀ခက်ပါတစ်စည်းလျှင် ကျပ်(၅၀၀)၊ အာစီယံသပြေ ၁၀ ခက်ပါတစ်စည်းလျှင် ကျပ်(၅၀၀)တို့ဖြင့်ရောင်းချလျက်ရှိကြောင်း ၊ သပြေပန်း(အောင်သပြေ)၊ အာစီယံသပြေ၊ ပန်းတိမ်ငိုနှင့် ဂန္ဓာမာပန်း (အပွင့်သေး)များကို  မိမိတို့ကန့်ဘလူဒေသထွက်များဖြစ်ပြီး နှင်းပန်း၊ နှင်းဆီပန်းနှင့် ဂန္ဓာမာပန်း(အပွင့်ကြီး)များကို မန္တလေးမြို့တို့မှ မှာယူရောင်းချရကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းမျိုးစုံရောင်းချနေသော ပန်းသည်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)