
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့်ဆေးဘဲဥများကို မကွေးမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။
သယ်ယူစရိတ်မြင့်မားခြင်းကြောင့် ကြက်ဥ၊ ဘဲဥဈေးနှုန်းမှာ ဆက်လက်မြင့်တက်နေပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ကြက်ဥအလုံးကြီး(၁၀)လုံးလျှင် ကျပ်(၃၈၀၀)၊ အလုံးအလတ် (၁၀)လုံးလျှင် ကျပ်(၃၆၀၀)၊ ငုံးဥ(၁၀)လုံးလျှင် ကျပ်(၈၀၀)၊ ဆေးဘဲဥ(၁၀)လုံးလျှင် ကျပ်(၄၅၀၀)၊ ဘဲဥ (၁၀)လုံးလျှင် ကျပ်(၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(ဒုတိယပတ်)နှင့် နှိုင်းယှဉ်လျှင် ကြက်ဥ ကျပ်(၁၀၀-၃၀၀)၊ ဘဲဥ ကျပ်(၅၀၀)မြင့်တက်ခဲ့ပြီး ငုံးဥနှင့်ဆေးဘဲဥမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။
DOCA(မကွေး)