Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Aug 2024

       နှစ်နိုင်ငံစလုံး၏ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနများက ပူးပေါင်းကျင်းပသည့် အကြီးမားဆုံးနှစ်စဉ်ကုန်သွယ်မှုမြှင့်တင်ရေးပွဲတော်ဖြစ်သည့် ဗီယက်နမ်-လာအို ကုန်စည်ပြပွဲ ၂၀၂၄(VIETLAO EXPO)ကို ဗီယက်နမ်နိုင်ငံ၌ ဇူလိုင်လ ၂၅ရက်နေ့မှ ၂၉ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လ ၂၅ရက်နေ့က ကျင်းပခဲ့သည့်ဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံ ဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Nguyen Ba Hung က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက်ပတ်သက်ဆက်နွယ်မှုတွင် ကြာရှည်စွာအခြေခံအုတ်မြစ်တစ်ခုဖြစ်လာ

21 Aug 2024

      ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များရှိ ပုံမှန်ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များမှာ (၁၂-၈-၂၀၂၄) ရက်နေ့မှစ၍ စက်သုံးဆီ (၄)မျိုးအား အပြည့်အဝရောင်းချပေးနိုင်မှု လျော့နည်းမှုများဖြစ်ပေါ်ခဲ့သည့်အတွက် စိစစ်မှုများဆောင်ရွက်ခဲ့ရာ စက်သုံးဆီပြတ်လပ်ခဲ့မှုများမှာ ပြည်ပမှ စက်သုံးဆီမှာယူတင်သွင်းသူ၏  ‌ဒေါ်လာအခက်အခဲကြောင့်လည်းကောင်း၊ ထုတ်ယူရမည့် Terminal များမှ ခွင့်ပြုချက်များအပေါ် အဆင့်ဆင့်စောင့်ဆိုင်းထုတ်နေရခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီအရောင်းဆိုင်များ ခေတ

21 Aug 2024

       အိန္ဒိယနိုင်ငံ၏ ကျောက်မီးသွေးတင်ပို့မှုသည် လက်ရှိဘဏ္ဏာနှစ် ပထမသုံးလပတ်တွင် တန်ချိန် ၇၅.၂၆သန်း(MT) ရှိခဲ့ပြီး ယခင်ဘဏ္ဏာနှစ်၏ အလားတူကာလတွင် တင်သွင်းခဲ့သော ကျောက်မီးသွေး ၇၁.၁၆(MT)နှင့် နှိုင်းယှဥ်ပါက ၅.၇ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပါသည်။

21 Aug 2024

      သြဂုတ်လ ၁၂ ရက်နေ့အထိ ယူကရိန်းနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဈေးကွက်ဝင်နှစ်မှ စတင်၍ စပါးနှင့်ပဲတန်ချိန် ၄.၉ သန်းတင်ပို့ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဥ်ပါက ၅၈.၉% တိုးလာခဲ့ကြောင်း စိုက်ပျိုးရေးမူဝါဒနှင့် စားနပ်ရိက္ခာ ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲမှ အချက်အလက်များမှ သိရပါသည်။

21 Aug 2024

     ဆော်ဒီအာရေဗျနိုင်ငံသည် စီးပွားရေးကွဲပြားမှုကို ပံ့ပိုးရန်နှင့်နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန်၊ ပွင့်လင်းမြင်သာမှုမြှင့်တင်ရန်နှင့် နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုများအား တင်းကြပ်မှုကိုဖြေလျှာ့ပေးနိုင်ရန် ရည်ရွယ်သည့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းအသစ်များကို ထုတ်ပြန်ခဲ့သည်။

Pages