Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Aug 2024

         စင်္ကာပူနိုင်ငံသည် မိုးခေါင်ရေရှားမှုနှင့် ရေလွှမ်းမိုးမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသော ဆန်မျိုးများကိုတီထွင်ရန်နှင့် အာရှတစ်ဝန်းတွင် ပျံ့နှံ့နေသောဆီးချိုရောဂါကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ကျန်းမာရေးနှင့်ညီညွတ်သော စပါးမျိုးများကိုပြုစုပျိုးထောင်ရန် ဖိလစ်ပိုင်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

21 Aug 2024

      တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးအထွက်များသော Shan Xi ပြည်နယ်ရှိ ကုန်စည်တင်သွင်းမှုနှင့် တင်းပို့မှုစုစုပေါင်းသည် တစ်နှစ်ထက်တစ်နှစ် ၁၄.၇ရာခိုင်နှုန်းတိုးလာပြီး ၂၀၂၄ခုနှစ်၊ ပထမခုနစ်လတွင် ယွမ် ၁၀၁.၂ဘီလီယံ(အမေရိကန်ဒေါ်လာ၁၄.၂ဘီလီယံခန့်) ရှိကြောင်း သြဂုတ်လ ၁၇ရက်နေ့တွင်ဖော်ပြခဲ့သော တရားဝင်အချက်အလက်များအရသိရသည်။

21 Aug 2024

      ဂျာမဏီနိုင်ငံ၏ ပို့ကုန်လုပ်ငန်းရှင်များသည် ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံထက် ပိုလန်နိုင်ငံသို့ ကုန်ပစ္စည်းပိုမိုရောင်းချခဲ့ကြောင်း သြဂုတ် ၁၆ရက်နေ့တွင်ပြုလုပ်ခဲ့သော လေ့လာဆန်းစစ်မှုတစ်ခုအရသိရသည်။

21 Aug 2024

      ရွှေဖရုံသီး၏အရောင်မှာ ရွှေရောင်ကဲ့သို့ဝင်းဝါပြီး အရသာမှာ အနည်းငယ်ချိုသည်။ ရွှေဖရုံသီးသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဗီတာမင်ဓာတ်လည်းကြွယ်ဝပါသည်။ ရွှေဖရုံပင်သည် အသီး၊ အရွက်အညွန့်၊ အစေ့တို့ကိုပါစားသုံးနိုင်ပြီး ကျန်းမာရေးအတွက်  ကောင်းကျိုးများစွာရရှိပါသည်။ ရွှေဖရုံသီး၌ အများဆုံးပါဝင်နေသော အာဟာရဓာတ်မှာ ဗီတာမင်အေဖြစ်ပါသည်။  ရွှေဖရုံသီးဟင်းတစ်ခွက်တွင် ယေဘုယျအားဖြင့် ဗီတာမင်အေ၊ ပရိုတင်း(အသားဓာတ်)၊ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ဗီတာမင်အီး၊ ဗီတာမင်ဘီ၂၊ မဂ္ဂနိစ်၊ သံဓာတ် အစ

21 Aug 2024

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြက်တံမြက်စည်းလုပ်ငန်းကို လုပ်သားအင်အား ကျား/မ (၈)ဦးခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ မရှိမဖြစ် အိမ်သုံးပစ္စည်းဖြစ်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြက်တံမြက်စည်းပြုလုပ်ရာတွင် ကုန်ကြမ်းပစ္စည်းမြက်ကို သာယာဝတီမြို့နယ်၊ တောင်ညိုတောင်ပေါ်ကျေးရွာများမှ ရရှိပြီး မြက်(၂၀)ကျပ်သားခန့်ကို အလုံးကလေးရှစ်လုံးခန့်လုံးရပါသည်။ ပြီးလျှင် ဆယ်ပင်ချည်ကြိုးဖြင့် ခိုင်ခန့်စွာတွဲ၍ ချည်နှောင်ကာ ၂၄လက်မခန့် ဆယ်ပင်ချည်ကြိုးဖ

Pages