Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Aug 2024

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဩဂုတ်လ၊ တတိယအပတ်အတွင်း အုတ်ဖိုမြို့မဈေးကြီးအတွင်း ရောင်းဝယ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ (လတ်)တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ (သေး) တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဖြစ်ပြီး ကြက်သွန်ဖြူလက်လီဈေးမှာ (ရှမ်းမွှာကြီး) တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ကြူကုတ် (လတ်)တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ချင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငရုတ်ပွတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊

21 Aug 2024

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြို့မဈေးကြီးအတွင်း နေ့စဉ် လက်လီ/ လက်ကားရောင်းချလျက်ရှိသော စားသောက်ကုန်များအနက် ငါးပိ၊ ငါးခြောက်များလည်း အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ယခင်ဇူလိုင်လ စတုတ္ထပတ်ဈေးနှုန်းနှင့်ယှဉ်လျှင် ယခုသြဂုတ်လ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ အနည်းငယ်မြင့်တက်လာသော်လည်း ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း ငါးခြောက်ရောင်းချသော ကုန်စုံဆိုင်များမှသိရပါသည်။ ဈေးနှုန်းများမှာ ရွှေပုစွန်ခြောက် ရှယ်သန့်တစ်ပိဿာလျှင် ၁၀၀၀၀၀ကျပ်၊

21 Aug 2024

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ရုံးပတီစိုက်ပျိုးခြင်းဖြင့် တောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနေပြီးဖြစ်သည့် ရုံးပတီသည် စိုက်ပျိုးစရိတ်အလွန်သက်သာပြီး အပင်သက်တမ်းမှာ စိုက်ပျိုးချိန်မှ (၄၅)ရက်ကြာလျှင် အသီးသီး၍ ထိုမှ ၁၀ရက်ကြာလျှင် စတင်ဆွတ်ခူးနိုင်ပြီး ဝင်ငွေရရှိပြီးဖြစ်သည်။ စိုက်ပေါင်ပြုပြင်၍ မြေကျင်းငယ်များတူးပြီး တကျင်းလျှင် မျိုးစေ့ ၂စေ့မှ ၃စေ့ခန့်ထည့်၍ စိုက်ပျိုးရပါသည်။ စိုက်ပျိုးရန်လွယ်ကူပြီး ကရိကထမများဘဲ အပင်သန်မာလျှင် အသီး ၇တောင့်မှ ၁၀တ

20 Aug 2024

     မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

20 Aug 2024

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဘူတာရုံလမ်းရှိ ကိုကျော်ကျော်ထွန်း စိုက်ပျိုးရေးဆေးအရောင်းဆိုင်သို့ (၁၅-၈-၂၀၂၄)ရက်နေ့တွင် မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများတို့သည် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Pages