Main menu

ကန့်ဘလူခရိုင်၌ ကွမ်းဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်

Powered by Drupal

     မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

      ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ဖြင့်လည်းကောင်း၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ဖြင့်လည်းကောင်း၊ ကွမ်း ရွက်(သေး)တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ဖြင့်လည်းကောင်း၊ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်   ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကွမ်းရွက်များကို ကန့်ဘလူမြို့ ၊ ကျွန်းလှမြို့နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ဩဂုတ်လတတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဩဂုတ်လစတုတ္ထပတ်အတွင်း ကွမ်းဈေးနှုန်းများမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွမ်းရွက်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)