ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာတတီမြို့နယ်ဆန်စပါးလုပ်ငန်းရှင်များမှ မိမိတို့၏ရပ်ကွက်/ ကျေးရွာအတွင်းရှိ ပြည်သူများအား ဆန်တစ်ပြည်လျှင် (၂၇၀၀/၂၈၀၀/၃၀၀၀) ကျပ်နှုန်းတို့ဖြင့် ဧည့်မထဆန်အမျိုးအစားဖြစ်သော ရက်(၉၀) ဆန်၊ ဆင်းသွယ်လတ်၊ မနောသုခဆန်တို့ကို ဗွီနိုင်းများချိတ်ဆွဲလျက် ပိတ်ရက်မရှိ ဆန်စက်များသို့ လာရောက်ဝယ်ယူနိုင်ပါကြောင်း ကြော်ငြာထားရှိပါသည်။ သာယာဝတီမြို့နယ်တွင် ဆန်စက်(၂၅)စက်နှင့် ဆန်ဆိုင် (၄)ဆိုင်တို့မှ နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်းနှင့် လိုအပ်ပါက စားသုံးသူရေးရ

ပန်းဟုဆိုလိုက်လျှင် ဘုရားပန်းကပ်လှူရာတွင်လည်းကောင်း၊ အလှပန်ရာတွင်လည်းကောင်း၊ အလှပန်းအိုးများတွင်လည်းကောင်း အများဆုံးအသုံးပြုကြပါသည်။ ထိုပန်းများအနက် မိုးရာသီတွင် လှိုင်လှိုင်ပေါ်နေပြီဖြစ်သော ပန်းထိမ်ဆရာပင် လက်မှိုင်ချလောက်အောင်လှပသော ပန်းတိမ်မနိုင် (ပန်းတိမ်ငိုပန်း)သည် ဈေးကောင်းရလျက်ရှိသည်။

မျှစ်သည် မြန်မာလူမျိုးတို့နှစ်သက်သော အစားအသောက်အနက် တစ်ခုအပါအဝင်ဖြစ်ပေသည်။ မျှစ်ဆိုသည်မှာ ဝါးပင်၏ ပင်မအစပင်ဖြစ်ပေသည်။ ဝါးတစ်ချောင်းဖြစ်ရန်အတွက် မျှစ်ဟုခေါ်သော ဝါးအဆို့ပေါက်ကလေးကပင်စရသည်။ မျှစ်အမျိုးစားများစွာရှိပါသည်။ လူတို့အစားများသောမျှစ်သည် ဝါးဖြူမျှစ်၊ ဝါးယားမျှစ်နှင့် ကျသောင်းမျှစ်တို့ဖြစ်ပါသည်။

ပြည်မြို့၏သစ်သီးဝလံဈေးကွက်အတွင်း အသီးအနှံမျိုးစုံရောင်းချလျက်ရှိရာ နာနတ်သီး၊ လိမ္မော်သီး၊ ပန်းသစ်တော်၊ မင်းဂွတ်သီး၊ ကျွဲကော်သီး၊ နဂါးမောက်သီး၊ စပျစ်သီး စသည်ဖြင့် နေ့စဉ် ဈေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကြပါသည်။ အဆိုပါအသီးများအနက် နဂါးမောက်သီးမှာ ယခုအချိန်၌ အသီးထွက်ပေါ်ချိန်ဖြစ်သည့်အတွက် ဈေးကွက်အတွင်း ရောင်းချမှုများလျက်ရှိသည့ကိုတွေ့ရပါသည်။ ပြည်ဈေးကွက်တွင်ရောင်းချသော နဂါးမောက်သီးများမှာ ပြည်ဒေသအတွင်းမှာ ထွက်ပေါ်သည့်အသီးများအပြင် ပုပ္ပါးဒေသဘက်မှထွက်ရှိသည့် အသီးများလည်းဝင

ယခုဩဂုတ်လ တတိယပတ်တွင် ပြည်ဈေးကွက်၌ ထိုင်ဝမ်ကန်စွန်းရွက်ဈေးနှုန်းများ သိသိသာသာမြင့်တက်လျက်ရှိပြီး ပြည်မြို့အနီးတဝိုက်ဖြစ်သော ရွှေတောင်၊ မှော်ဇာ၊ ဝက်ပုတ်ဘက်မှအဝင်ရှိကာ အစည်းသေး(၁၀)စည်းပါ အစည်းကြီး(၁၀)ပိုင်၊ (၁၅)ပိုင်ခန့်သာအဝင်ရှိသည့်အတွက် အဝင်နည်းနေသည်။ အဝင်နည်းသောကြောင့် ဈေးကြီးမြင့်ရခြင်းဖြစ်ပြီး ဖောက်သည်လက်ကားဈေးတစ်ပိုင်လျှင် ကျပ်၁၈၀၀၊ ကျပ်၂၀၀၀နှုန်းယူရကြောင်းသိရကာ မြို့ပေါ်လက်လီဈေးများတွင် တစ်ပိုင်ကို (၂၃၀၀-၂၅၀၀) ကျပ်နှုန်းဖြင့်ပြန်လည်ရောင်းချ၍ တစ်စည်းလျှင် ကျပ်၃၀
