ကုန်သွယ်မှုသတင်းများ
ပြည်ပဲမျိုးစုံဈေးကွက်မှာ နေ့စဉ် လက်လီသမားများဖြင့် အရောင်းအဝယ်သွက်သော ပဲသီးနှံမှာ နံနက်ခင်းစာတွင် နေ့စဉ်လိုလိုပါဝင်နေသော စားတော်ပဲသီးနှံပင်ဖြစ်ပါသည်။ စားတော်ပဲ သီးနှံသည် ပဲဈေးကွက်အတွင်း နှစ်စဉ်လိုလိုဈေးကောင်းဝင်သီးနှံအဖြစ်ရှိနေပြီး ယခုနှစ်တွင်မူ ပြည်ပဝယ်လက်အဓိကဖြစ်သော မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးမြင့်တက်လာသည့်အတွက် အဆိုပါပဲများနှင့်အပြိုင် ဈေးကောင်းရလျက်ရှိခဲ့ပါသည်။ ယခင်နှစ်၏ ကာလတူအချိန်၌ စားတော်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ၁၀၃၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့အတွင်းရှိ ကမ္မကျေးရွာ၊ သပွတ်စုကျေးရွာ၊ လက္ခုပ္ပင်ကျေးရွာနှင့် သားလူးကန်ကျေးရွာတို့တွင် သင်္ဘောပင်မှထွက်ရှိသည့် သင်္ဘောသီးအစိမ်းများအား ရေနံချောင်းမြို့ပေါ်ရှိ အသုပ်ဆိုင်များနှင့် အသုပ်စုံရောင်းချသူများမှ ဝယ်ယူမှုများလျက်ရှိကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်၌ ပြည်ပဝယ်လက်ပဲတချို့ ဈေးနှုန်းမြင့်တက်လာသော်လည်း ပြည်တွင်းစားသုံးမှုများသော ပြည်တွင်းဝယ်လက်သမားများ အဓိကဝယ်ယူသောပဲများအနက် ပဲနီပြား၊ ထောပတ်ပဲ၊ စားတော်ပဲဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ အဆိုပါပဲများအနက် ပဲနီပြားသီးနှံသည် ယခုနှစ်၌ ဈေးကောင်းဝင်ပဲသီးနှံထဲတွင်ပါဝင်နေပြီး ယခုသြဂုတ်လအတွင်း ပိဿာ (၂၀)ဝင်တစ်တင်းလျှင် ၁၃၂၀၀၀ကျပ်အထိရရှိခဲ့ပါသည်။ ယခင်နှစ် ဩဂုတ်လအတွင်း ပဲနီပြားတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ရရှိခဲ့သော်လည်း ယခုနှစ် လက်လီပဲဈေးကွက်၌ာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာ၌ စပါး၊ နှမ်း၊ ပဲသီး၊ ခရမ်းချဉ်သီးနှင့် ဥယျာဉ်ခြံသီးနှံများကို စီးပွားအဖြစ် အဓိကထားစိုက်ပျိုးကြပြီး ထိုင်ဝမ်ခရမ်းချဉ်သီးကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် စတင်စိုက်ပျိုးပြီး ခရမ်းချဉ်စိုက်တောင်သူ (၆)ဦးခန့်မှ စိုက်ဧက(၃)ဧကကျော် စိုက်ပျိုးထားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံ (အနီ)သီးနှံများ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းအနေဖြင့် ပဲစင်းငုံနီတစ်တင်းလျှင် ငွေကျပ် ၁၄၆၀၀ဝ ပေါက်ဈေး ရှိပြီး ဩဂုတ်လ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ တင်းပေါင်း ၆၁၂ တင်း၊ တန်အားဖြင့် ၂၀ တန် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့်
