ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ မင်းလမ်းကျေးရွာဝန်းကျင်ရှိ လယ်ယာမြေများသည် မိုးစပါးကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းသည့် ဒေသဖြစ်သော်လည်း နှစ်စဉ် ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ပျိုးချိန်နောက်ကျပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်တွင် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းအနေဖြင့် ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၇၅၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၅၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ(MEP) (50)kg တစ်အိတ်လျှင် (၁၈၁၅၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၅၀၀၀)ကျပ်၊ တီဆူပါ (may) (50)kg (၁)လီတာလျှင် (၈၂၅၀၀)ကျပ်၊ ယူရီးယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ် ဖြစ်ပါသည်။

နနွင်းမှုန့်သည် မြန်မာတို့အတွက် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သကဲ့သို့ ဆေးဖက်လည်းဝင်သဖြင့် အိမ်တိုင်းတွင် မရှိမဖြစ်သော ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ အိမ်ခြံဝင်းများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများပြီး စီးပွားဖြစ်စိုက်ပျိုးသူတချို့လည်းရှိပါသည်။ စိုက်ပျိုးရလွယ်ကူပြီး ထိန်းသိမ်းရသည့် စရိတ်စကအနည်းဆုံးသီးနှံဖြစ်ပါသည်။

တောင်ငူမြို့၊ ညောင်ပင်ဈေးအတွင်းရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်တွင် ဇူလိုင်လ၊ နောက်ဆုံးအပတ်တွင် ကြက်ဥတစ်လုံးလျှင် အကြီးအသေးအလိုက် အသေးတစ်လုံးလျှင် ၃၅၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၃၇၀ကျပ်ဈေးနှုန်းရှိခဲ့သော်လည်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ယခင်ကြက်ဥတစ်လုံး ၃၅၀ကျပ်မှာ ၃၈၀ကျပ်နှင့် ၃၇၀ကျပ်တန် ကြက်ဥမှာ တစ်လုံးလျှင် ၄၂၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်သွားပါသည်။

မြန်မာလူမျိုးတို့သည် ဝါဝင်ကာလတွင် နတ်တင်ခြင်းနှင့်၊ ဝါခေါင်လတွင် တောင်ပြုံးပွဲတော်အချိန်အခါများ၌ တောင်ငူဒေသထွက် ရခိုင်ငှက်ပျောသီးနှင့် အုန်းသီးများကို အညာဒေသသို့ တင်ပို့ရောင်းချရသဖြင့် ဈေးကောင်းရသည့်အချိန်အခါဖြစ်ပါသည်။
