
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်တွင် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းအနေဖြင့် ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၇၅၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၅၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ(MEP) (50)kg တစ်အိတ်လျှင် (၁၈၁၅၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၅၀၀၀)ကျပ်၊ တီဆူပါ (may) (50)kg (၁)လီတာလျှင် (၈၂၅၀၀)ကျပ်၊ ယူရီးယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ် ဖြစ်ပါသည်။
တာချီလိတ်မြို့အတွင်းရှိ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၂၉၅၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၄၅၆၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၄၅၆၀)ကျပ် ဖြစ်ပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ယခင် ဇူလိုင်လ ဒုတိယအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက အနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)