Main menu

တောင်ငူမြို့မှ ရခိုင်ငှက်ပျောသီးနှင့် အုန်းသီးများ ဈေးတက်

Powered by Drupal

       မြန်မာလူမျိုးတို့သည် ဝါဝင်ကာလတွင် နတ်တင်ခြင်းနှင့်၊ ဝါခေါင်လတွင် တောင်ပြုံးပွဲတော်အချိန်အခါများ၌ တောင်ငူဒေသထွက် ရခိုင်ငှက်ပျောသီးနှင့် အုန်းသီးများကို အညာဒေသသို့ တင်ပို့ရောင်းချရသဖြင့် ဈေးကောင်းရသည့်အချိန်အခါဖြစ်ပါသည်။

      တောင်ငူမြို့တွင် ယခင်နှစ်အလားတူကာလက ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် အသေး ၅၀၀ကျပ်၊ အလတ် ၁၀၀၀ကျပ်နှင့် အကြီး ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်အထိရှိပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် အသေး ၁၅၀၀ကျပ်၊ အလတ် ၂၂၀၀ကျပ်နှင့် အကြီး(အနာလွတ်) ၃၀၀၀ကျပ်အထိရှိသဖြင့် ဈေးနှုန်းမှာ ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်အထိမြင့်တက်လာပါသည်။

     အုန်းသီးမှာ ယခင်နှစ်အလားတူကာလက အခွံချွတ်တစ်လုံးလျှင် ၁၀၀၀ကျပ်၊ ပွဲတင်အုန်းသီးတစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိသာရှိခဲ့သော်လည်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် အခွံချွတ်တစ်လုံးလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်အထိနှင့် ပွဲတင်အုန်းသီးတစ်လုံးလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိ ဈေးနှုန်းမှာ ၁၀၀၀ကျပ်မှ ၂၀၀၀ကျပ်အထိမြင့်တက်လာပါသည်။

         ငှက်ပျောသီး၊ အုန်းသီးများ ဈေးနှုန်းမြင့်တက်သော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း ငှက်ပျောသီး၊ အုန်းသီးအရောင်းဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)