Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
11 Mar 2022

          တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၃၈၃၄) မက်ထရစ်တန် ရှိကြောင်း သိရှိရပါသည်။

11 Mar 2022

          အောင်လံကုန်စည်ဒိုင်တွင် နှမ်း(စမုံနက်)ဈေးနှုန်းမှာ ယခင်အပတ်(၂.၃.၂၀၂၂)နေ့နှင့် ယခု အပတ်(၉.၃.၂၀၂၂)နေ့အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ယခုအပတ် နှမ်းစမုံနက်ရှယ်သန့် ၃တင်း (၄၅)ပိဿာ (၁၉၀၀၀၀) ဈေးရှိခဲ့ပြီး နှမ်း(ပြာ)၊ နှမ်းဖြူနှင့် နှမ်းနီတို့မှာ (၄၅)ပိဿာ ယခင်အပတ် (၁၄၀၀၀ဝိ/-) ၊ ယခုအပတ်တွင် (၁၅၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် နှမ်းစမုံနက် (၁၈၀၀)အိတ်၊ နှမ်းပြာ(၄၆၀)အိတ်၊ နှမ်းနီ(၂၂၀)အိတ်၊ နှမ်းဖြူ(၁၈၅)အိတ် အရောင်းအဝယ်ဖြစ်ကြောင

11 Mar 2022

          မကွေးခရိုင်၊ မကွေးမြို့နယ် စျေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ စားသုံးသူ ရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်း(စစ်ဆေးရေးမှူး)နှင့်အဖွဲ့သည် ၂၀၂၂ခုနှစ် မတ်လ(၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မကွေးမြို့၊ ကံပြားရွာရှိ Lucky-7 စက်သုံးဆီ အရောင်းဆိုင် တွင်အထူးသက်သာသော စျေးနှုန်းဖြင့်ရောင်းချနေသော ရိုးရိုးဒီဇယ်နှင့် Premium ဒီဇယ်များအား အရည်အသွေးနှင့်အချိန်အတွယ်ပြည့်ဝမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

11 Mar 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ချောက်မြို့နယ် တာဝန်ခံနှင့်မြို့နယ်စည်ပင်သာယာရေးမှ တာဝန်ရှိသူတို့ပူးပေါင်းပါဝင်သောအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ မတ်လ(၉)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ချောက်မြို့၊ အမှတ်(၁၁)ရွှေတွင်းကုန်းရပ်ကွက်ရှိ “ညီညီရီရီ” လက်ဖက်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်ဦးထွန်းထွန်းဝင်းနှင့်တွေ့ဆုံပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ဘေးကင်းလုံခြုံသော ကုန်စည်များထုတ်လုပ်လာရေး အသိပေးဆွေးနွေးခဲ့ပါသည်။

11 Mar 2022

          ပခုက္ကူကုန်စည်ဒိုင်တွင် ယခုနှစ်မတ်လပထမပတ်အတွင်း အစေ့ထုတ်ပြောင်း (CP) အရောင်း အဝယ်ဖြစ်မှုအခြေအနေမှာ အစေ့ထုတ်ပြောင်း(CP) သီးနှံအများဆုံးစိုက်ပျိုးထွက်ရှိသော ပခုက္ကူ မြို့နယ်ကျွန်းဒေသများ၊ မြစ်ခြေမြို့နယ်ဒေသများနှင့် ရေစကြိုမြို့နယ်ဒေသများမှ နေ့စဉ်ဝင်ရောက် လျှက်ရှိကြောင်း၊ ကုန်စည်ဒိုင်သို့ တစ်နေ့လျှင် (၂၇)ပိဿာဝင် တစ်တင်းခွဲအိတ် (၅၀၀၀)ခန့်၊ ပိဿာချိန်အားဖြင့်(၁၃၅၀၀၀)ခန့် ဝင်ရောက်လျက်ရှိကြောင်းနှင့် (၁)ပတ်အတွင်း စုစုပေါင်းစီးဝင် ရောက်မှုအနေဖြင့် တစ်တင်းခွဲအိတ်(၃၅၀၀၀)ခန့

Pages