ကုန်သွယ်မှုသတင်းများ
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ထုတ်ကုန်တစ်မျိုးဖြစ်သည့် MSMEs ကိုင်းဘော တံမြတ်စည်းလုပ်ငန်းလုပ်ကိုင် သည့် မြို့သစ် (၅) လမ်းရှိ ဦးမြင့်ရွှေ၏ (မြတ်မွန်) တံမြတ်စည်းလုပ်ငန်းအခြေအနေအား သာပေါင်းမြို့နယ်ဦးစီးမှူးမှ ကွင်းဆင်းမေးမြန်းခဲ့ရာ ကိုင်းဘော၊ ကြိမ်လုံး၊ နှီးထိုးရာတွင် အသုံးပြုသည့် ကြိမ်လုံး၊ ပီနန်ကြိုးတို့ကို အဓိက အသုံးပြုထားကြောင်းတွေ့ရှိရပြီး ကုန်ကြမ်းပစ္စည်း ကိုင်းဘောနှင့် ကြိမ်လုံး၊ ကြိမ်နှီးကို ပုသိမ်မြို့နယ်ရှိ ငွေဆောင်၊ ချောင်းသာတို့မှ အဓိကဝယ်ယူကြောင်းသိရှိရပါသည်။<

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိသားစုဝင်ငွေရရှိရန် ရာသီပေါ် သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းအပြင် မိသားစုတစ်နိုင်တစ်ပိုင်အနေဖြင့် နဂါးမောက်သီးကို စိုက်ပျိုးရောင်းချ လျက်ရှိပါကြောင်း သိရှိရပါသည်။ နဂါးမောက်သီးကို မိမိတို့အိမ်ခြံဝင်းများအတွင် စင်ထိုးစိုက်ပျိုးခြင်းနှင့် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး နဂါးမောက်သီးမျိုးများမှာ အဖြူမျိုးနှင့် အနီမျိုးဟူ၍ နှစ်မျိုးရှိပါကြောင်း၊ နဂါးမောက်သီးများကို ကျွန်းလှမြို့နယ်အတွင်း ကျေးရွာများနှင့် မ
သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဩဂုတ်လ၏ ပထမအပတ်တွင် စပါး၊ ဆန် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၀၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့် စုစုပေါင်း (၅၀၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၄၀) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု ဩဂုတ်လ၏ ဒုတိယအပတ်တွင် မော်လမြိုင်သို့ (၃၆၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၃၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၉၀၀) အိတ်ခန့်၊ တန်ချိန
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာနှင့် အိမ်ဆောက်ပစ္စည်းဆိုင်များတွင် ဘိလပ်မြေဈေးနှုန်းများ ဈေးတက်နေကြောင်း ဘိလပ်မြေဆိုင်များမှ သိရှိရပါသည်။ ထိုဆိုင်များတွင် ရောင်းချသော ဘိလပ်မြေအမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ အယ်လ်ဖာ၊ အပါချီတို့ဖြစ်ပြီး နေ့စဉ် ရောင်းချနေကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(ပထမပတ်) အစောပိုင်းမှစ၍ စားသုံးဆီဈေးများမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားသုံးဆီဈေးနှုန်းများ မှာ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ စက်ပဲဆီသန့် တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)ဖြစ်ပြီး ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၁၆၅၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၆၅၀၀)၊ နေကြာဆီ တစ်ပိဿာ လျှင် ကျပ်(၁၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သ
