မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာနှင့် အိမ်ဆောက်ပစ္စည်းဆိုင်များတွင် ဘိလပ်မြေဈေးနှုန်းများ ဈေးတက်နေကြောင်း ဘိလပ်မြေဆိုင်များမှ သိရှိရပါသည်။ ထိုဆိုင်များတွင် ရောင်းချသော ဘိလပ်မြေအမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ အယ်လ်ဖာ၊ အပါချီတို့ဖြစ်ပြီး နေ့စဉ် ရောင်းချနေကြောင်း သိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သောဈေးနှုန်းများမှာ ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ်(၉၆၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၉၃၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ် (၁၀၃၀၀)ဖြစ်ပြီးယခုတစ်ပတ်၏ ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်တစ်အိတ်လျှင် ကျပ်(၉၉၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၉၈၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၀၄၀၀)ဖြစ်ပြီး (ပထမပတ်)နှင့် (ဒုတိယပတ်)နှိုင်းယှဉ်ပါက ကြံ့နှစ်ကောင်တစ်အိတ်လျှင် ကျပ်(၃၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ် (၅၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၀၀)ခန့်ဈေးတက်နေကြောင်း ဘိလပ်မြေအရောင်းဆိုင်များထံမှ သိရှိရပါသည်။
DOCA(မကွေး)