ကုန်သွယ်မှုသတင်းများ
မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၌ ဆားထုတ်လုပ်မှုဧက (၄၇၀၀)မှ ဆားတန်ချိန် (၄၅၀၀၀) ကျော်ထွက်ရှိကာ ပြည်တွင်းဆား စားသုံးမှုလုံလောက်စွာရရှိသည့်အပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်သည်။ မွန်ပြည်နယ်အတွင်း ကျွဲကောစိုက်ဧကစုစုပေါင်း (၂၈၃၁) ဧကရှိရာ ၂၀၂၃ခုနှစ် နှစ်ကုန်အထိ ကျွဲကောသီးအလုံးရေပေါင်း (၁၁၂၅၇၄၉၅)လုံးထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းအရသိရှိရပါသည်။ မွန်ပြည်နယ်သည် ရေခံမြေခံကောင်းသဖြင့် ကျွဲကောစိုက်ပျိုးမှု၌ အောင်မြင်ဖြစ်ထွန်းဒေသဖြစ်သည်။ ကျွဲကောသီးအများဆုံးထွက်ရှိသည့်မြို့နယ်များမှာ မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့၊ ဘီးလင်းမြို့၊ သထုံမြို့နယ်တို့ဖြစ်သည်။

၂၀၂၄ခုနှစ် ဩဂုတ်လဒုတိယပတ်တွင်း မိုးလယ်ရောက်ချိန် ကုန်စိမ်းသီးနှံများနေရာစုံ၊ ဒေသစုံမှ အထွက်စုံလင် လာသဖြင့် ဈေးကွက်ကျလာသော်လည်းစီးဆင်းမှုကောင်းလာပါ သည်။သို့သော် ပြောင်းသီးနှံမှာ ကုန်သည်ပွဲစားများလှောင်ကုန်သာရှိပြီးတောင်သူလက်ကျန် ပါးချိန်ကုန်စည်ဝင်ရောက်မှုနည်း၍စီးဆင်းမှုနည်းပါးလာသည်။ ဟိုပုံး၊တောင်နီ၊ နမ်းဆန်နှင့် တောင်လေးလုံးဒေသတဝိုင်တွင် တောင်သူလက်ကျန်မရှိသလောက်ဖြစ်နေပါသည်။ အောင်ပန်းဈေး ၁၃၀၀မှ ၁၅၀၀ ရှိနေပြီး ဈေးကွက်လိုအပ်ချက်ဖြင့်အနည်းငယ်သားစီးဆင်း နေပါသည်။
မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ်သည့် ဧရာဝတီတိုင်းဒေသကြီးသည် သဘာဝမှ လက်ဆောင်ပေးထားသော ရေခံ/မြေခံ ကောင်းမွန်၍ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နှစ်စဉ် မိုးစပါး စိုက်ဧက (၃၇) သိန်းကျော်နှင့် နွေစပါး စိုက်ဧက (၁၀) သိန်းကျော်နှင့် နှစ်စဉ် စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော ဆန်/ဆန်ထွက် ပစ္စည်းများမှာ မိမိတို့ တိုင်းဒေသကြီးအတွင်း စားသုံးမှုဖူလုံရုံသာမက ပိုလျှံ သည့် ဆန်/ဆန်ထွက် ပစ္စည်းများကို ရန်ကုန်မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင
ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ဖိလစ်ပိုင်နိုင်ငံတွင် ပိုမိုကြီးမားသော ဆန်ဈေးကွက်ဝေစုရရှိရန် ယှဉ်ပြိုင်လျက်ရှိကြောင်း Nikkei Asia က ဩဂုတ်လ ၂ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဆောင်းပါးဖော်ပြချက်အရသိရပါသည်။ ဆောင်းပါးအရ ဖိလစ်ပိုင်သည် အိမ်နီးချင်းနိုင်ငံများထံမှ ဆန်တင်သွင်းမှုတိုးမြှင့်မည့်အကြောင်းအချက်များအနက် တစ်ခုမှာ ပြည်တွင်းထောက်ပံ့နိုင်စွမ်းကျဆင်းသောကြောင့်ဖြစ်ကြောင်းသိရပါသည်။ ဖိလစ်ပိုင်သည် ပြည်တွင်းဈေးကွက်တွင် ဆန်ဝေးနှုန်းများတည်ငြိမ်စေရန်အတွက် ဆန်တင်သွင်းသည့်
