ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး စိုက်ပျိုးထွက်ရှိသည့် ဆန်စပါးများ၏ ဒေသတွင်းစား၍ ပိုလျှံသည်များကို မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကို အများဆုံးတင်ပို့ရောင်းချကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များကိုလည်း တင်ပို့ကြောင်းသိရသည်။
ထိုင်းနိုင်ငံသည် ရုရှား၊ အာမေးနီးယား၊ ဘီလရုဇ်၊ ကာဇတ်စတန်နှင့် ကာဂျစ်စတန်တို့နှင့်ဖွဲ့စည်းထားသည့် Eurasian Economic Union (EAEU) တို့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးမှုများဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြောင်းသိရပါသည်။ ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ထိုင်းနိုင်ငံဆိုင်ရာ ကာဇတ်စတန်နိုင်ငံသံအမတ်ကြီး Arman Issetov နှင့် အစည်းအဝေးတွင် နှစ်ဖက်စလုံးသည် အပြန်အလှန်အကျိုးစွားပွား၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုန

၂၀၂၄ခုနှစ် ပထမ ၆လတာကာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၀.၉၅ဘီလီယံရှိခဲ့ပြီး အလုပ်သမားဦးရေ ၁၂၂၅၀၄၂ဦးကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံရေးဝန်ကြီး Bahlil Lahadolia ကပြောကြားခဲ့ပါသည်။ ဂျကာတာမြို့တွင် ဇူလိုင်လ ၂၈ရက်နေ့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ၎င်းပမာဏသည် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂၂.၃ရာခိုင်နှုန်းကြီးထွားလာခြင်းဖြစ်ကြောင်းနှင့် ရည်မှန်းချက်ဖြစ်သည့် ယခုနှစ်အတွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကိုစိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ဖူးစားပြောင်းဖူးများကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်များတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရသည်။ ပြောင်းဖူးများကို ကန့်ဘလူမြို့မဈေးတွင်လည်းကောင်း၊ ရပ်ကွက်အတွင်း လှည့်လည်ရောင်းချသည့် ဈေးသည်များတွင်လည်းကောင်း၊ ပြောင်းဖူးအစိမ်းနှင့်အပြုတ်ဟူ၍ ရောင်းချလျက်ရှိပြီး၊ ပြောင်းဖူးများကို ကန့်ဘလူဒေသတွင်းမှလည်းကောင်း ဝယ်ယူရော

စစ်ကိုင်းတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံပြီး အခြားစီးပွားရေးလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသော တိုင်းတစ်တိုင်းဖြစ်ပြီး စစ်ကိုင်းမြို့တွင် ဖြစ်ပေါ် နေသော ကွမ်းရွက်ဈေးနှုန်းမှာ အရည်အသွေးပေါ်မူတည်၍ ဩဂုတ်လပထမပတ်ရှယ်ကွမ်း တစ်ပိဿာလျှင် ၇၀၀၀ - ၈၀၀၀ကျပ်ထိ၊ ပယ်ကွမ်း တစ်ပိဿာလျှင်၄၀၀၀ - ၅၀၀၀ကျပ်ထိ၊ ဩဂုတ်လ ဒုတိယပတ်တွင် ရှယ်ကွမ်းတစ်ပိဿာလျှင် ၁၀၀၀၀ - ၁၂၀၀၀ကျပ်ထိ၊ ပယ်ကွမ်း တစ်ပိဿာလျှင်၆၀၀၀ - ၇၀၀၀ကျပ်ဖြင့် အနည်းငယ်မြင့်တက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက