Main menu

ကန့်ဘလူမြို့၏ ဖူးစားပြောင်းဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကိုစိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ  ဖူးစားပြောင်းဖူးများကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်များတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရသည်။      ပြောင်းဖူးများကို ကန့်ဘလူမြို့မဈေးတွင်လည်းကောင်း၊ ရပ်ကွက်အတွင်း လှည့်လည်ရောင်းချသည့် ဈေးသည်များတွင်လည်းကောင်း၊ ပြောင်းဖူးအစိမ်းနှင့်အပြုတ်ဟူ၍ ရောင်းချလျက်ရှိပြီး၊ ပြောင်းဖူးများကို ကန့်ဘလူဒေသတွင်းမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိသည်။

       နေ့စဉ်ရောင်းချလျက်ရှိသော ပြောင်းဖူးအမျိုးအစားမှာ ထိုင်ဝမ်ပြောင်းဖူးအမျိုးအစားဖြစ်ပြီး ပြောင်းဖူးပြုတ်ကို လူကြီးလူငယ်မရွေး သားရေစာအဖြစ်စားသုံးကြပြီး အိမ်ရှင်မများကလည်း ပြောင်းဖူးစိမ်းကို ဟင်းချက်ရာတွင်လည်း ထည့်သွင်းချက်ပြုတ်ကြသည်။ ယခုအခါ ပြောင်းဖူးများကို ကန့်ဘလူမြို့မဈေးတွင် လက်လီ/ လက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ ပြောင်းဖူးအစိမ်းအကြီး()ဖူးလျှင် (၆၀၀)ကျပ်၊ အသေး()ဖူးလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း တစ်ဆင့်ဝယ်ယူပြီး ပြောင်းဖူးများကိုပြုတ်၍ ပြန်လည်ရောင်းချသူများသည် ပြောင်းဖူးပြုတ်အကြီး()ဖူးလျှင် (၇၀၀)ကျပ်၊ အသေး()ဖူးလျှင် (၆၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)