ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဓာတ်မြေ ဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ဩဂုတ်လ ပထမပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ ပထမပတ်တွင် စပါး/ဆန်ဈေးနှုန်းတည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၆၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၀၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၃၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ ၆၇၀၀၀အိတ်၊ တန်အားဖြင့် ၃၃၅၀တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀၊

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသမှထွက်ရှိသော ပဲယင်း နီအမျိုးမျိုး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲယင်းနီကို ပခုက္ကူမြို့နယ်သာမက ဂန့်ဂေါခရိုင်မှ လည်းစိုက်ပျိုးကြကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရှိရပါသည်။ ပခုက္ကူမြို့နယ်အတွင်းသို့ အခြားဒေသများမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။ ပခုက္ကူမြို့သည်မြို့၏ စီးပွားရေးအချက်ချာကြသော မြို့တစ်မြို့လည်းဖြစ်ပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို ဒေသ စီးပွားဖြစ် စိုက်ဧကအများဆုံး စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီရောင်းဝယ်ပြုလုပ်သည့် ပွဲရုံများသို့ နေ့စဉ်နွေကြက်သွန်နီများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှကုန်ချိန်ပိဿာ (၂)သောင်းမှ (၃)သောင်းခွဲအထိ တစ်ပတ် အတွင်း ကုန်ချိန်ပျမ်းမျှ ပိဿာ(၃)သိန်းခန့် ဝင်ရောက်ကြောင်း၊ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှုများသော လက်ဆည်၊ ဆူးလေကုန်း
