Main menu

ဆိပ်ဖြူကြက်သွန်နီ ဩဂုတ်လ(ပထမပတ်)တွင် ဈေးဆက်လက်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို ဒေသ စီးပွားဖြစ် စိုက်ဧကအများဆုံး စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီရောင်းဝယ်ပြုလုပ်သည့် ပွဲရုံများသို့ နေ့စဉ်နွေကြက်သွန်နီများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှကုန်ချိန်ပိဿာ (၂)သောင်းမှ (၃)သောင်းခွဲအထိ တစ်ပတ် အတွင်း ကုန်ချိန်ပျမ်းမျှ ပိဿာ(၃)သိန်းခန့် ဝင်ရောက်ကြောင်း၊ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှုများသော လက်ဆည်၊ ဆူးလေကုန်း၊ ဆုံကုန်း၊ တောင်ရွာမ၊ မြောက်ရွာမ၊ တောင်ပလူကျေးရွာများမှ ကုန်ချိန်အများဆုံးဝင်ရောက်ကြောင်း ပွဲရုံဈေးကွက်မှ သိရှိရပါသည်။

    ဈေးနှုန်းဈေးကွက်အနေဖြင့် ဩဂုတ်လ(ပထမပတ်)တွင် နွေကြက်သွန်နီ (ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေးကျပ်(၁၇၀၀-၁၄၀၀)ဈေးဖြစ်ပြီး ပွဲရုံများမှ အရည်အသွေးပြန်လည်သန့်စင်ပြီး အကြီးအသေးလိုက်၍ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၂၀၀-၁၄၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်ဇူလိုင်(စတုတ္ထပတ်)တွင် ကြက်သွန်နီ(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ် (၁၈၀၀- ၁၅၀၀) ဈေးဖြင့် ရောင်းချခဲ့ရာ ယခုတစ်ပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့် ဈေးနှုန်းကျဆင်းကြောင်း သိရှိရသည်။

     ယခုတစ်ပတ်တွင် ဆိပ်ဖြူကြက်သွန်နီဈေးကွက်သို့ ကုန်စည်ဝင်ရောက်မှု များလာကြောင်း၊ တောင်သူများအနေဖြင့် ကြက်သွန်နီ သိုလှောင်ချိန် ကုန်ဆုံးချိန်ရောက်ကာနီး၍ ဈေးကွက်အေးပြီး ဈေးနှုန်းကျဆင်းနေသော်လည်း တောင်သူရောင်းချမှုများလာကြောင်း၊ နယ်မြေအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုဖြစ်၍ အရောင်းအဝယ်ဈေးကွက် အေးကြောင်း၊ ပြည်တွင်းနေရာအနှံ့သာရောင်းချမှုရှိပြီး ပြည်ပနိုင်ငံများသို့ တင်ပို့မှု နည်းကြောင်း ဈေးကွက်မှ သိရှိရပါသည်။

   ကုန်စည်စီးဆင်းမှုအနေဖြင့် ဩဂုတ်လ(ပထမပတ်)တွင် ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ပြည်၊ ပုသိမ်မြို့နှင့် မော်လမြိုင်မြို့သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်ဘုရင့်နောင်ပွဲ ရုံသို့ ကုန်ချိန်အများဆုံး တင်ပို့လျက်ရှိကြောင်း၊ ကြက်သွန်နီကုန်ချိန် ပိဿာ(၃) သိန်း၊ တန်ချိန်အားဖြင့် (၄၉၀)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)