Main menu

စားသုံးဆီဈေးများ အနည်းငယ်မြင့်တက်

Powered by Drupal

     စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ဩဂုတ်လ ပထမပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။

         ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဇူလိုင်လ နောက်ဆုံးပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၆၂၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၆၅၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုဩဂုတ်လ ပထမပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၆၅၅၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေသဖြင့် စားအုန်းဆီတစ်ပိဿာလျှင် (၃၅၀)ကျပ်၊  ပဲဆီသန့်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)