Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 Aug 2024

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဥ်ကျေးရွာသည် နှမ်း၊ ကြက်သွန်နီ၊ ဝါ၊ ကုလားပဲ၊ ပဲကြီး၊ စပါး၊ နေကြာနှင့် အခြားစာဖိုးဆောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြောင်းသိရပါသည်။

15 Aug 2024

        မကွေးတိုင်းဒေသကြီးသည်  နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံ၊ နေကြာ၊ ဝါ၊ စပါး၊ ပြောင်း စသည်တို့ကို နှစ်စဉ်စိုက်ပျိုးပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိသော ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးတွင် လိုအပ်သည့်သွင်းအားစု(ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး)များကိုလည်းသုံးစွဲကြကြောင်းသိရသည်။

15 Aug 2024

      မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များဖြစ်သော ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံ စသည့်သီးနှံများ စိုက်ပျိုးထွက်ရှိသော ဒေသတစ်ခုဖြစ်ပြီး တိုင်းဒေသကြီးအတွင်းမြို့များရှိ ကုန်စည်ဒိုင်နှင့်ပွဲရုံများတွင် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

15 Aug 2024

     တရုတ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်သည့် BYD သည် ဗီယက်နမ်နိုင်ငံအား ၎င်းတို့၏ အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကဈေးကွက်တစ်ခုအဖြစ်ရွေးချယ်ထားကြောင်း BYD Auto Vietnem ၏ CEO ဖြစ်သူ Vo Minh Luc ကပြောကြားခဲ့ပါသည်။ ကမ္ဘာ့အကြီးမားဆုံးလျှပ်စစ်ကား ထုတ်လုပ်သူသည် ဗီယက်နမ်နိုင်ငံတွင် ၎င်းတို့၏ အဆင့်မြင့် လျှပ်စစ်ကားမော်ဒယ်များကို တရားဝင် မိတ်ဆက်ခဲ့ပြီး ဈေးကွက်အတွင်း ၎င်းတို့၏ မဟာဗျူဟာကို ကြေညာခဲ့သည်။ ဗီယက်နမ်သတင်းအေဂျင်စီနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် Luc က ကမ္ဘာ့အကြ

15 Aug 2024

     ဆန်သည် ၂၀၂၄ ခုနှစ်၊ ပထမခြောက်လအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့မှု တန်ဖိုးအမြင့်ဆုံးသော ဗီယက်နမ်ထုတ်ကုန်ဖြစ်ခဲ့ပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံဖြင့် ယမန်နှစ်အလားတူကာလကထက် ၄၁% မြင့်တက်ခဲ့သည်။

    ဗီယက်နမ်နိုင်ငံ၏ ဆန်သည် ဖိလစ်ပိုင်တွင် နှစ်ပေါင်းများစွာ ဈေးကွက်ကို ဦးဆောင်နေကြောင်း ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အချက်အလက်များအရ သိရသည်။

Pages