Main menu

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ မိုးစပါးရာသီ စိုက်ဧက သိန်း (၂၀) ကျော် စိုက်ပျိုးပြီးစီး

Powered by Drupal

     မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ်သည့် ဧရာဝတီတိုင်းဒေသကြီးသည် သဘာဝမှ လက်ဆောင်ပေးထားသော ရေခံ/မြေခံ ကောင်းမွန်၍ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နှစ်စဉ် မိုးစပါး စိုက်ဧက (၃၇) သိန်းကျော်နှင့် နွေစပါး စိုက်ဧက (၁၀) သိန်းကျော်နှင့် နှစ်စဉ် စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော ဆန်/ဆန်ထွက် ပစ္စည်းများမှာ မိမိတို့ တိုင်းဒေသကြီးအတွင်း စားသုံးမှုဖူလုံရုံသာမက ပိုလျှံ သည့် ဆန်/ဆန်ထွက် ပစ္စည်းများကို ရန်ကုန်မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချမှု နှင့် ဆန်လိုအပ်သည့် အခြားတိုင်း/ပြည်နယ်များသို့လည်း လစဉ်တင်ပို့ရောင်းချလျက် ရှိပါသည်။

     ၂၀၂၄-၂၀၂၅ မိုးစပါးရာသီ ၊ ဩဂုတ်လ ပထမအပတ်တွင်း ဧည့်မထအုပ်စု ၊ ပေါ်ဆန်းအုပ်စု ၊ ကောက်ညှင်းအုပ်စုအပြင် ဒေသနှင့်ကိုက်ညီမှုရှိသော စပါးမျိုးများကိုလည်း တိုင်းအတွင်း ခရိုင် (၈) ခု ၊ မြို့နယ် (၂၆) မြို့နယ်တွင် စိုက်ဧက သိန်း (၂၀) ကျော် တွင် စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

DOCA(ဧရာဝတီ)