Main menu

မကွေးဈေးကွက်၌ ပဲစင်းငုံအနီများ ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံ (အနီ)သီးနှံများ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းအနေဖြင့် ပဲစင်းငုံနီတစ်တင်းလျှင် ငွေကျပ် ၁၄၆၀၀ဝ ပေါက်ဈေး ရှိပြီး ဩဂုတ်လ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ တင်းပေါင်း ၆၁၂ တင်း၊ တန်အားဖြင့် ၂၀ တန် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ပြည်ပပို့ကုန်အဖြစ် အိန္ဒိယနိုင်ငံသို့ တင်ပို့ကြောင်း သိရသည်။

      ဩဂုတ်လ ပထမပတ်နှင့် ဩဂုတ်လဒုတိယပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက ဩဂုတ်လ ပထမပတ်တွင် ပဲစင်းငုံအနီ တစ်တင်းလျှင် ငွေကျပ် ၁၄၀၀၀ဝ ပေါက်ဈေးရှိခဲ့သဖြင့် ဩဂုတ်လ ဒုတိယပတ်တွင် ပဲစင်းငုံအနီ တစ်တင်းလျှင် ငွေကျပ် ၆၀၀ဝ မြင့်တက်လာကြောင်း၊ ဈေးကွက်အတွင်း ဝယ်လိုအားကောင်းသော်လည်း ယခင်နှစ်ကထွက်ရှိသည့် ပဲစဉ်းငုံများသာ အရောင်းအဝယ်ဖြစ်သောကြောင့် ဈေးနှုန်မြင့်တက်ရခြင်းဖြစ်ကြောင်း မကွေးဈေးကွက်မှ သိရသည်။

DOCA(မကွေး)