Main menu

ပြည်ပဲဈေးကွက်၌ စားတော်ပဲသီးနှံ နှစ်စဉ်ဈေးကောင်းရနေ

Powered by Drupal

      ပြည်ပဲမျိုးစုံဈေးကွက်မှာ နေ့စဉ် လက်လီသမားများဖြင့် အရောင်းအဝယ်သွက်သော ပဲသီးနှံမှာ နံနက်ခင်းစာတွင် နေ့စဉ်လိုလိုပါဝင်နေသော စားတော်ပဲသီးနှံပင်ဖြစ်ပါသည်။ စားတော်ပဲ သီးနှံသည် ပဲဈေးကွက်အတွင်း နှစ်စဉ်လိုလိုဈေးကောင်းဝင်သီးနှံအဖြစ်ရှိနေပြီး ယခုနှစ်တွင်မူ ပြည်ပဝယ်လက်အဓိကဖြစ်သော မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးမြင့်တက်လာသည့်အတွက် အဆိုပါပဲများနှင့်အပြိုင် ဈေးကောင်းရလျက်ရှိခဲ့ပါသည်။ ယခင်နှစ်၏ ကာလတူအချိန်၌ စားတော်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ၁၀၃၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်၌ ပိဿာ၂၀ဝင်တစ်တင်းလျှင်  ၁၂၀၀၀၀ကျပ်ရရှိခဲ့သည့်အတွက် ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ်ပိုရလာခဲ့ကြောင်းသိရပါသည်။ စားတော်ပဲပြုတ်ဈေးနှုန်းအနေဖြင့်   တစ်ဆယ်ကျပ်သားလျှင် ၇၀၀ကျပ်ဖြင့်ရောင်းဝယ်နေကြကြောင်းသိရပါသည်။

DOCA(ပဲခူး)