Main menu

ရာသီစာ နဂါးမောက်သီးအရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

       ပြည်မြို့၏သစ်သီးဝလံဈေးကွက်အတွင်း အသီးအနှံမျိုးစုံရောင်းချလျက်ရှိရာ နာနတ်သီး၊ လိမ္မော်သီး၊ ပန်းသစ်တော်၊ မင်းဂွတ်သီး၊ ကျွဲကော်သီး၊ နဂါးမောက်သီး၊ စပျစ်သီး စသည်ဖြင့် နေ့စဉ် ဈေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကြပါသည်။ အဆိုပါအသီးများအနက် နဂါးမောက်သီးမှာ ယခုအချိန်၌ အသီးထွက်ပေါ်ချိန်ဖြစ်သည့်အတွက် ဈေးကွက်အတွင်း ရောင်းချမှုများလျက်ရှိသည့ကိုတွေ့ရပါသည်။ ပြည်ဈေးကွက်တွင်ရောင်းချသော နဂါးမောက်သီးများမှာ ပြည်‌ဒေသအတွင်းမှာ ထွက်ပေါ်သည့်အသီးများအပြင် ပုပ္ပါးဒေသဘက်မှထွက်ရှိသည့် အသီးများလည်းဝင်ရောက်လျက်ရှိပါသည်။ ဩဂုတ်လ တတိယပတ်တွင် ဈေးနှုန်းအနေဖြင့် နဂါးမောက်သီးမှာ အရွယ်အစားကိုလိုက်၍ ကွာခြားမှု ရှိသောကြောင့် တစ်လုံးလျှင် ၅၀၀ကျပ်မှစ၍ (၂၀၀၀/၂၅၀၀) ကျပ်အထိအရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ နဂါးမောက်သီးသည် ကျန်းမာရေးအရ စားသုံးသင့်သောသီးနှံတစ်မျိုးဖြစ်သည့်အတွက် ရာသီစာသီးနှံအဖြစ် ဝယ်ယူစားသုံးမှုများကြောင်းသိရပါသည်။

DOCA(ပဲခူး)