
ပန်းဟုဆိုလိုက်လျှင် ဘုရားပန်းကပ်လှူရာတွင်လည်းကောင်း၊ အလှပန်ရာတွင်လည်းကောင်း၊ အလှပန်းအိုးများတွင်လည်းကောင်း အများဆုံးအသုံးပြုကြပါသည်။ ထိုပန်းများအနက် မိုးရာသီတွင် လှိုင်လှိုင်ပေါ်နေပြီဖြစ်သော ပန်းထိမ်ဆရာပင် လက်မှိုင်ချလောက်အောင်လှပသော ပန်းတိမ်မနိုင် (ပန်းတိမ်ငိုပန်း)သည် ဈေးကောင်းရလျက်ရှိသည်။
စိုက်ပျိုးပုံကိုလေ့လာလျှင် ပန်းတိမ်ငိုပန်းသည် ဥမှမျိုးပွားသော အပင်မျိုးဖြစ်သည်။ မစိုက်ပျိုးမီ နွားချေးမြေဩဇာ၊ သစ်ရွက်ဆွေးများဖြင့် စိုက်ပျိုးမည့်မြေကို အရင်ပြုပြင်ထားရပါသည်။ သင်္ကြန်ပြီးကာလ မိုးဦးကာလအစတွင် မိုးပေါက်တစ်ပေါက်နှစ်ပေါက်ကျချိန်မှစ၍ ပြုပြင်ထားသောမြေပေါ်၌ ပန်းတိမ်ငိုပန်းဥများစတင်စိုက်ပျိုးရပါသည်။ မြေဆီမြေနှစ်ကောင်း၍ ၁၅ပတ်လည် မြေဩဇာအနည်းငယ်သာကျွေးရပါသည်။ ပန်းဥတစ်ဥလျှင် အပင်ရုံလိုက်ပေါက်သော ပန်းမျိုးဖြစ်ပါသည်။ တစ်ပင်လျှင် အပွင့်တစ်ခက်သာပွင့်သည်။ အပင်စိုက်ပြီး ၃ ခန့်တွင် အပွင့်များစတင်ပွင့်ကာ ရောင်းချနိုင်ပြီဖြစ်ပါသည်။
၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ ဒုတိယအပတ်တွင် ဈေးကွက်အနေဖြင့် ပန်းတိမ်ငိုပန်း ၁၀ခက်လျှင် ယခင်နှစ်တွင် (၁၅၀၀)နှုန်းဖြင့်ရောင်းချခဲ့ပြီး ယခုနှစ်တွင် ၁၂ခက်ကို (၂၈၀၀) ကျပ်နှုန်းဖြင့်ရောင်းချနေကြောင်း ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ခင်ကန့်လန့်ရွာရှိ ပန်းတိမ်ငိုပန်းစိုက် တောင်သူတစ်ဦးထံမှသိရှိရပါသည်။ ပန်းတိမ်ငိုပန်းသည် ဈေးကွက်လည်းရ၍ စိုက်ပျိုးကုန်ကျစရိတ်နည်းသည့်အတွက် အကျိုးအမြတ်ဖြစ်ထွန်းကြောင်းလည်း ၎င်းတောင်သူထံမှသိရှိရပါသည်။
DOCA(ပဲခူး)