Main menu

ကြို့ပင်ကောက်မြို့၏ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းများ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဘူတာရုံလမ်းရှိ ကိုကျော်ကျော်ထွန်း စိုက်ပျိုးရေးဆေးအရောင်းဆိုင်သို့ (၁၅-၈-၂၀၂၄)ရက်နေ့တွင် မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများတို့သည် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ဩဂုတ်လ၊ တတိယအပတ်တွင် တောင်သူအများသုံး ဓာတ်မြေဩဇာများဖြစ်သော 50kg တစ်အိတ်ဈေးနှုန်းမှာ မြင်းကျားတံဆိပ် ၂၀:၁၀:၁၅ ၁၂၅၀၀၀ကျပ်၊ ပုလဲ (MPE)ကျပ်၇၅၀၀၀၊ အာမို ၁၅:၁၅:၁၅ ကျပ်၁၂၅၀၀၀၊ ရွှေနဂါးထွက်တိုး ကျပ်၈၈၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

         ပိုးသတ်ဆေးဈေးနှုန်းအနေဖြင့် ရှောင်လင်(ထိသေ) (500cc) တစ်ဘူးလျှင် ကျပ်၁၅၀၀၀၊ ဝိုက်ဂိုး (500cc)တစ်ဘူးလျှင် ကျပ်၁၆၀၀၀၊ ဂလိုင်ဖောက် (ပေါင်းသတ်ဆေး) ၄လီတာတစ်ဘူးလျှင် ကျပ်၆၀၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်နေကြောင်း၊ သယ်ယူခအနေဖြင့် တစ်အိတ်လျှင် ယခင် ၁၅၀၀ကျပ်မှ ယခု ၂၀၀၀ကျပ်ပေးရကြောင်း လုပ်ငန်းရှင်ထံမှသိရပြီး သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော တရားဝင်ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကိုသာရောင်းချရန် လုပ်ငန်းရှင်အား အသိပညာပေးပြောကြားကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)