Main menu

ရွှေဖရုံသီး၏ ကျန်းမာရေးနှင့်ပတ်သက်သည့် သိကောင်းစရာများ

Powered by Drupal

      ရွှေဖရုံသီး၏အရောင်မှာ ရွှေရောင်ကဲ့သို့ဝင်းဝါပြီး အရသာမှာ အနည်းငယ်ချိုသည်။ ရွှေဖရုံသီးသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဗီတာမင်ဓာတ်လည်းကြွယ်ဝပါသည်။ ရွှေဖရုံပင်သည် အသီး၊ အရွက်အညွန့်၊ အစေ့တို့ကိုပါစားသုံးနိုင်ပြီး ကျန်းမာရေးအတွက်  ကောင်းကျိုးများစွာရရှိပါသည်။ ရွှေဖရုံသီး၌ အများဆုံးပါဝင်နေသော အာဟာရဓာတ်မှာ ဗီတာမင်အေဖြစ်ပါသည်။  ရွှေဖရုံသီးဟင်းတစ်ခွက်တွင် ယေဘုယျအားဖြင့် ဗီတာမင်အေ၊ ပရိုတင်း(အသားဓာတ်)၊ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ဗီတာမင်အီး၊ ဗီတာမင်ဘီ၂၊ မဂ္ဂနိစ်၊ သံဓာတ် အစရှိသည်ဖြင့် အာဟာရဓာတ်များ ၉၄ရာခိုင်နှုန်းပါဝင်ပြီး ဗီတာမင်နှင့် သတ္တုဓာတ်များလည်းပါဝင်ကာ ကယ်လိုရီပါဝင်မှုနည်းပါသည်။ ကယ်လိုရီပါဝင်မှုနည်းသောကြောင့် အဆီ၊ အစိမ့်များသော အစားအသောက်များနှင့် အစားထိုးစားသုံးနိုင်ပါသည်။

   ရွှေဖရုံသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုကြောင့် နာတာရှည်ရောဂါတွေဖြစ်ပွားမှုကိုလျော့နည်းစေပါသည်။ ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါသည်။  အထူးသဖြင့် အစာအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာဖြစ်ပွားမှုကိုလျော့နည်းစေခြင်းပင်ဖြစ်ပါသည်။ ကိုယ်ခံအားကောင်းမွန်စေပြီး ခန္ဓာကိုယ်၏ ကိုယ်အားစနစ်ကိုတိုးတက်ကောင်းမွန်စေပါသည်။    ဗီတာမင်အေ  ကြွယ်ဝသော အစားအစာဖြစ်သောကြောင့် ကိုယ်ခံအားကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်း ပိုးမွှားဝင်ရောက်မှုကိုကာကွယ်ပေးပါသည်။ အမြင်အာရုံလည်းကောင်းမွန်စေပါသည်။  ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း၊ နှလုံးကျန်းမာရေးလည်းကောင်းစေပါသည်။

        ယခုအချိန် မိုးရာသီတွင်  ရွှေဖရုံသီးများ စိုက်ပျိုးထွက်ရှိပြီး  ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင်  နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း၌ အလုံးအရွယ်အစားကိုလိုက်၍ ရွှေဖရုံသီးတစ်လုံးလျှင် (၁၅၀၀ကျပ်မှ  ၅၀၀ကျပ်)နှုန်းဖြင့်   ရောင်းချလျက်ရှိပါသည်။  ရွှေဖရုံသီးတွင်  အာဟာရဓာတ်များစွာပါဝင်ပြီး  ဈေးနှုန်းချိုသာသည့်  ရာသီပေါ်အစားအစာလည်းဖြစ်သောကြောင့်  ရွှေဖရုံသီးကို မိမိတို့အိမ်၌ မိသားစုနှင့်အတူ ချက်ပြုတ်စားဖို့ရန် အကြံပြုလိုက်ရပါသည်။

DOCA(ပဲခူး)