Main menu

ဗီယက်နမ်-လာအို ကုန်စည်ပြပွဲ ၂၀၂၄ ကျင်းပပြုလုပ်

Powered by Drupal

       နှစ်နိုင်ငံစလုံး၏ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနများက ပူးပေါင်းကျင်းပသည့် အကြီးမားဆုံးနှစ်စဉ်ကုန်သွယ်မှုမြှင့်တင်ရေးပွဲတော်ဖြစ်သည့် ဗီယက်နမ်-လာအို ကုန်စည်ပြပွဲ ၂၀၂၄(VIETLAO EXPO)ကို ဗီယက်နမ်နိုင်ငံ၌ ဇူလိုင်လ ၂၅ရက်နေ့မှ ၂၉ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လ ၂၅ရက်နေ့က ကျင်းပခဲ့သည့်ဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံ ဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Nguyen Ba Hung က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက်ပတ်သက်ဆက်နွယ်မှုတွင် ကြာရှည်စွာအခြေခံအုတ်မြစ်တစ်ခုဖြစ်လာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ပြသနေကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် လာအို၏ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်သုံးနိုင်ငံထဲမှ တစ်နိုင်ငံဖြစ်ပြီး ဇွန်လကုန်တွင်အပြန်အလှန် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉၂၈ သန်းအထိ ရောက်ရှိခဲ့ကာ ၁၁% မြှင့်တက်ခဲ့ ကြောင်းသိရပါသည်။ Hung က (၄၆)ကြိမ်မြောက်ကျင်းပခဲ့သည့် ဗီယက်နမ်-လာအို အစိုးရအချင်းချင်းကော်မတီတွင် စီနီယာခေါင်းဆောင်များက ချမှတ်ခဲ့သည့် ယခုနှစ်အတွက် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏကြီးထွားနှုန်းရည်မှန်းချက်ဖြစ်သည့် ၁၀% ကို ကျော်လွန်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် သံအမတ်ကြီးက လာအိုနိုင်ငံရှိ ဗီယက်နမ် ရင်းနှီးမြှုပ်နှံ မှုစီမံကိန်းများသည် ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအလုပ်အကိုင်များဖန်တီးခြင်း၊ ထောင်နှင့် ချီသော လုပ်သားများ၏ဝင်ငွေကိုမြှင့်တင်ပေးခြင်းနှင့် လာအိုနိုင်ငံတော်ဘတ်ဂျက်ဝင်ငွေကို မြင့်တက်စေခြင်းစသည်တို့တွင် ထိရောက်စွာနှင့်သိသာထင်ရှားစွာ ပူးပေါင်းပါဝင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအစိုးရများသည် နှစ်ဦးနှစ်ဖက်ကုန်သွယ်မှုပမာဏကို အမေရိကန် ဒေါ်လာ ၂ဘီလီယံထိမြှင့်တင်ရန် ရည်ရွယ်လျက်ရှိကြောင်းသိရပါသည်။ ပြပွဲတွင် စီးပွားရေးလုပ်ငန်းများက ပြခန်းပေါင်း ၂၅၀ ပတ်လည်ခန့်ခင်းကျင်းပြသခဲ့ပြီး ၁၂၀ ခန့်ပါဝင်ကြောင်း သိရပါသည်။ ၈၀ ခန့်မှာ ဆေးဝါးနှင့်ဆေးဖက်ဆိုင်ရာပစ္စည်းကိရိယာများပြင်ဆင်ထားသော လယ်ယာ-သစ်တော-ရေထုတ်ကုန်များ၊ ချည်မျှင်နှင့်ဖက်ရှင်၊ လက်မှုပစ္စည်းများ၊ အတွင်းနှင့် အပြင်အလှဆင်ခြင်းလုပ်ငန်းများနှင့်စားသုံးကုန်များ အစရှိသည့် ကဏ္ဍပေါင်းစုံတို့တွင် နာမည်ရ ကုမ္ပဏီများဖြစ်ကြောင်းသိရပါသည်။ ပြပွဲတွင်ပါဝင်ပြသခဲ့သော ဗီယက်နမ်စီးပွားရေး လုပ်ငန်းများသည် နိုင်ငံ၏ ပုံရိပ်ကိုမြှင့်တင်ရန်၊ တင်ပို့မှုအရှိန်မြှင့်တင်ရန်၊ လာအိုနှင့်ထိုင်းနိုင်ငံ အရှေ့မြောက်တွင် ကွန်ယက်ဖြန့်ဝေမှုတိုးချဲ့ရန်နှင့်ဗီယက်နမ်စက်မှုလုပ်ငန်းများ၏ အားကောင်းမှုကိုပြသရန် ရည်ရွယ်ကြောင်း သိရပါသည်။ ပြပွဲသည်ကုန်သွယ်ရေးအဖွဲ့အစည်း၊ ကုန်ထုတ်လုပ် သူများနှင့်နှစ်နိုင်ငံလုံးမှ ရင်းနှီးမြှုပ်နှံသူအချင်းချင်း အတွေ့အကြုံဖလှယ်ခြင်း၊ နည်းပညာ လွှဲပြောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများတိုးချဲ့ခြင်းတို့အတွက် ထိရောက်သော ပေါင်းကူးတံတားတစ်ခုဖြစ်စေခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)