Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
23 Aug 2024

     ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန် အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်န

23 Aug 2024

      ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊  သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ (၁၄) ရက်နေ့မှ ဩဂုတ်လ (၁၉) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ချောင်းဦးမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၄၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၅၀၀၊ ဝမ်းတွင်း၊ သဲတောမှ ဖရဲသီး(ရိုးရိုး) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၀၀၀၊ သီပေါမြို့ မှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၂၀

23 Aug 2024

     ကမ္ဘောဒီးယားနိုင်ငံနှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) နိုင်ငံများအကြား ကုန်သွယ်မှုသည် ယခုနှစ် ပထမနှစ်လတွင် ထူးထူးခြားခြားကန်ဒေါ်လာ ၁၉.၈၇ဘီလီယံအထိရောက်ရှိခဲ့ပြီး ၁၆.၈ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

     နိုင်ငံတော်၏ RCEP ကုန်သွယ်မှုသည် ထိုကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၆၂.၉ရာခိုင်နှုန်းဖြစ်သည်။

23 Aug 2024

   ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ခုနှစ်တွင် မွေးမြူရေးထွက်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁မှ ၁.၅ဘီလီယံရရှိရန်ရည်မှန်းချက်ထားလျက်ရှိပြီး တင်ပို့မှုမြင့်တက်လာရန်အတွက် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမနှစ်ဝက်တာကာလတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာသန်း၂၄၀တန်ဖိုးရှိသော မွေးမြူရေးထွက်ကုန်များတင်ပို့ ခဲ့ပြီး  လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၃.၈ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရသိရပါသည်။

23 Aug 2024

     ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့အကြမ်းထုတ်လုပ်သည့် ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံဖြစ်လာပြီး ၂၀၂၄ခုနှစ်၊ ခုနစ်လအတွင်း စုစုပေါင်းတန်ချိန် ၈၃၀၀၀၀ထုတ်လုပ်ခဲ့ကြောင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) ၏ အစီရင်ခံစာအရသိရသည်။

Pages