Main menu

မကွေးမြို့သို့ ဩဂုတ်လ(တတိယပတ်)အတွင်း ဘိလပ်မြေဝင်ရောက်မှုနှင့် ဈေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများ ရောင်းချလျက်ရှိပါသည်။ အဆိုပါဆိုင်များတွင် ဘိလပ်မြေများကို ဩဂုတ်လ(တတိယပတ်)အတွင်း မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေအိတ်ရေ(၂၀၉၅)အိတ် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

    ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ် ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၀၃၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၁၀၁၀၀)ဖြင့် ရောင်းချခဲ့ကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှ သိရှိရပါသည်။ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် ကြံ့နှစ်ကောင် ကျပ်(၉၀၀)၊ အယ်လ်ဖာ ကျပ်(၅၀၀) ဈေးမြင့်တက်လာပြီး လမ်းပန်းအခက်အခဲနှင့် သယ်ယူစရိတ်မြင့်မားခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)