
ပဲခူးတိုင်းဒေသကြီး (အနောက်) ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၆-၈-၂၀၂၄)ရက်နေ့တွင် ပေါင်းတည်မြို့နယ်၊ ဘိုကုန်းကျေးရွာသို့သွားရောက်၍ ခရမ်းချဉ်သီး (မြေပုံသီး) စိုက်ပျိုးသူတောင်သူနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ တောင်သူက ခရမ်းချဉ်သီးစိုက်ပျိုးရာတွင် တစ်ကျိုးလျှင် မျိုးစေ့ထုပ် (၂)ထုပ်ခန့်စိုက်ပျိုးရပြီး တစ်ထုပ်လျှင် (၁၅၀၀၀) ကျပ်ခန့်ပေးရကြောင်း (မျိုး၊ ဆေးဖိုး၊ အလုပ်သမားခ) စုစုပေါင်းအလုပ်သမားခမှာ (၁၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီးသည်မှစ၍ ခူးဆွတ်ချိန်ထိ သုံးလခန့်ကြာမြင့်ကြောင်းသိရပါသည်။ ထွက်ရှိမှုအနေဖြင့် ပိဿာ (၈၀)မှ ပိဿာ(၁၀၀)ခန့်ထိထွက်ရှိပြီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ရောင်းချရသည့်အတွက် အကျိုးအမြတ်အားဖြင့် (၁၂၀၀၀၀)ကျပ်ခန့်ရရှိသည့်အတွက် တောင်သူများ ခရမ်းချဉ်သီးစိုက်ပျိူးခြင်းဖြင့် အကျိုးမြတ်ဖြစ်ထွန်းကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)