ကုန်သွယ်မှုသတင်းများ
တရုတ်နိုင်ငံ အီလက်ထရောနစ်နှင့် အိမ်သုံးပစ္စည်းကုမ္မဏီဖြစ်သည့် Haier သည် ဘတ် ၁၀ ဘီလီယံရင်းနှီးမြှပ်နှံမည့် ၎င်းတို့၏ ပထမဆုံး ari- con ထုတ်လုပ်မည့် စက်ရုံကို ထိုင်းနိုင်ငံတွင် တည်ဆောက်သွားမည်ဖြစ်ပြီး လျှင်မြန်စွာ ကြီးထွားလာသည့် ဘတ် ၁၀ ဘီလီယံတန်ဖိုးရှိသော ထိုင်းနိုင်ငံ air- con ဈေးကွက်သို့ ဝင်ရောက်လာမည်ဟု သိရပါသည်။ Haier ၏ အရှေ့တောင် အာရှတွင် ပထမဆုံး စက်ရုံကို ချောင်ဘူရီပြည်နယ်၏ WHA အရှေ့ပင်လယ်ကမ်းခြေ စက်မှုဇုန်တွင် တည်ဆောက်မည်ဟု သိရပါသည်။ Haier အုပ်စု၏ ဘုတ်အဖွဲ့ဥက္ကဌဖြ

အမေရိကန်ဖက်ရှင်လုပ်ငန်းအသင်း၏ လတ်တလောသဘောထား ကောက်ခံချက်ဖြစ်သည့် အမေရိကန်သို့ အထည်အလိပ်တင်ပို့သည့်နိုင်ငံများ၏ ယှဉ်ပြိုင်နိုင်စွမ်းရည်အရေးသာမှု နှိုင်းယှဉ်ချက်တွင် ဗီယက်နမ်နိုင်ငံက တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်ထက် စုစုပေါင်းအမှတ်ရရှိမှု မြင့်မားခဲ့ကြောင်း သိရပါသည်။ အဆိုပါ သဘောထားကောက်ခံချက်အရ ဗီယက်နမ်နိုင်ငံသည် ၎င်းတို့၏ တန်ဖိုးမြင့်ထုတ်ကုန်များ ကွဲပြားစွာ ထုတ်လုပ်နိုင်သောစွမ်းရည်ကြောင့် ပိုမိုကောင်းမွန်သော ယှဉ်ပြိုင်နိုင်မှုတွင် နှာတစ်ဖျား အသာရနေကြောင်း သိရပါသည်။ ဗီယက်နမ်သည

လက်ရှိအရှိန်အဟုန်နှင့် လတ်တလောအချိန်များအတွင်း တည်ငြိမ်သော နှစ်ဆခန့် ကြီးထွားလာမှုကြောင့် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ သစ်သီးနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ စံချိန်တင်အမေရိကန်ဒေါ်လာ ၇ ဘီလီယံထိ ရရှိနိုင်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ ၇ လတွင် ဗီယက်နမ်နိုင်ငံသည် သစ်သီးနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် အဆိုပါကဏ္ဍသည် တင်ပို့သည့်ထိပ်ဆ

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီသည် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါမှ နာလန်ထူလာပြီး နောက်နိုင်ငံ၏တည်ငြိမ်သော စီးပွားရေးကြီးထွားလာမှုသည် ၅ ရာခိုင်နှုန်း အထက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ ဂျိုကိုဝီက ၁၆-၈-၂၀၂၄ ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့အတိုင်ပင်ခံစုံညီနှစ်စဉ်အစည်းအဝေးပွဲတွင် ပါလီမန်အဖွဲ့ဝင်များကို ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ဂျိုကိုဝီက အင်ဒိုနီးရှားနိုင်ငံသည် ကပ်ရောဂါကာလအပြီး စီးပွားရေး မြန်ဆန်စွာ နာလန်ထူပြီး ဆက်လက်ပင် ကြီးထွားလာသည့်နိုင်ငံအနည်းငယ်ထဲမ

Oppo သည် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် ဗီယက်နမ်စမတ်ဖုန်းဈေးကွက်၌ ပထမဆုံးအကြိမ်အဖြစ် Samsung ကို ကျော်တက်သွားခဲ့သည်။ တရုတ်စမတ်ဖုန်းအမှတ်တံဆိပ် Oppo ၏ ရောင်းအားသည် တစ်နှစ်ထက်တစ်နှစ် ၁၁၀ ရာခိုင်နှုန်းတက်လာပြီး ဈေးကွက်ဝေစု ၂၇ ရာခိုင်နှုန်းရှိကြောင်း ဈေးကွက်ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီ Canalys မှ ပြောကြားခဲ့သည်။ ၎င်း၏နောက်တွင် တောင်ကိုးရီးယားကုမ္ပဏီ Samsung မှ ၂၁ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီ Xiaomi မှ ၂၀ ရာခိုင်နှုန်း ၊ အမေရိကန်ကုမ္ပဏီ Apple မှ ၁၆ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီ V
