Main menu

ဗီယက်နမ်၏ ၂၀၂၄ ခုနှစ်တွင် သစ်သီးနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှု စံချိန်တင်ရန်မျှော်လင့်ရ

Powered by Drupal

       လက်ရှိအရှိန်အဟုန်နှင့် လတ်တလောအချိန်များအတွင်း တည်ငြိမ်သော နှစ်ဆခန့် ကြီးထွားလာမှုကြောင့် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ သစ်သီးနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ စံချိန်တင်အမေရိကန်ဒေါ်လာ ၇ ဘီလီယံထိ ရရှိနိုင်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ ၇ လတွင်  ဗီယက်နမ်နိုင်ငံသည် သစ်သီးနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှတစ်ဆင့်  အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် အဆိုပါကဏ္ဍသည် တင်ပို့သည့်ထိပ်ဆုံးဈေးကွက် ၁၀ ခုတွင် နယ်သာလန်မှလွဲ၍ ကိန်းဂဏန်း ၂ ဆထိ ကြီးထွားမှုပြခဲ့ကြောင်း သိရပါသည်။  ဗီယက်နမ်နိုင်ငံ သစ်သီးနှင့်ဟင်းသီးဟင်းရွက်အသင်း၏ အဆိုအရ တောင်ကိုရီးယားနှင့်ဂျပန်သို့ ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့သည့်တန်ဖိုးမှာ အမြင့်ပိုင်းတွင်ရှိနေကြောင်း သိရပါသည်။ တရုတ်ဈေးကွက်တွင်လည်း အမှတ်တံဆိပ်နှင့်နေရာတစ်ခုကို တည်ဆောက်နေပြီး သစ်သီးနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍသည် အာရှအရှေ့မြောက်ဒေသတွင် ပိုမိုတိုးချဲ့လျက်ရှိကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် အာရှအရှေ့မြောက်ဒေသတွင် ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်အား  အကြီးမားဆုံးတင်သွင်းသူဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၆၄ ရာခိုင်နှုန်းရှိကာ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ တင်သွင်းမှုမှာ လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၅၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဒေသတွင်းကျယ်ပြန့်သော စီးပွားရေးအဖွဲ့အစည်း၏ သဘောတူညီချက်နှင့်အတူ ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ သစ်သီးထုတ်ကုန် ၁၂ မျိုး တရားဝင်တင်ပို့ခွင့်ရထားကြောင်း သိရပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ဗီယက်နမ် သလဲသီးများနှင့် အုန်းသီးများကို ယာယီနှင့် ရှေ့ပြေးအနေဖြင့် တင်သွင်းရန်ခွင့်ပြုထားကြောင်း သိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)