Main menu

Oppoသည် ဗီယက်နမ် စမတ်ဖုန်းဈေးကွက်တွင်Samsung ကို ပထမဆုံးအကြိမ်ကျော်တက်သွား

Powered by Drupal

      Oppo သည် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် ဗီယက်နမ်စမတ်ဖုန်းဈေးကွက်၌ ပထမဆုံးအကြိမ်အဖြစ် Samsung ကို ကျော်တက်သွားခဲ့သည်။ တရုတ်စမတ်ဖုန်းအမှတ်တံဆိပ် Oppo ၏ ရောင်းအားသည် တစ်နှစ်ထက်တစ်နှစ် ၁၁၀ ရာခိုင်နှုန်းတက်လာပြီး ဈေးကွက်ဝေစု ၂၇ ရာခိုင်နှုန်းရှိကြောင်း ဈေးကွက်ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီ Canalys မှ ပြောကြားခဲ့သည်။ ၎င်း၏နောက်တွင် တောင်ကိုးရီးယားကုမ္ပဏီ Samsung မှ ၂၁ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီ Xiaomi မှ ၂၀ ရာခိုင်နှုန်း ၊ အမေရိကန်ကုမ္ပဏီ Apple မှ ၁၆ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီ Vivo မှ ၆ရာခိုင်နှုန်းနှင့်အခြားကုမ္ပဏီများမှာ ၁၀ ရာခိုင်နှုန်းတို့ဖြင့် အသီးသီးရပ်တည်လျက်ရှိကြသည်။ ဈေးကွက်အတွင်းရှိ ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် ငါးမျိုးထဲမှ Samsung သာလျှင် တိုးတက်မှုအနှုတ်လက္ခဏာပြနေခဲ့ခြင်း ဖြစ်သည်။

     Samsung သည်ဗီယက်နမ်နိုင်ငံဈေးကွက်ကို နှစ်ပေါင်းများစွာဦးဆောင်နေခဲ့ပြီး ပထမသုံးလပတ်တွင် ဈေးကွက်ဝေစု ၂၈ ရာခိုင်နှုန်း၊ Xiaomi က ၁၉ ရာခိုင်နှုန်းဖြင့် ရပ်တည်ခဲ့သည်။ အရှေ့တောင်အာရှဈေးကွက်တွင် Samsung သည်ဒုတိယသုံးလပတ်တွင် ထိပ်တန်းနေရာ၌ ဆက်လက်တည်ရှိနေပြီး Oppo က ၎င်း၏‌ နောက်တွင်ရပ်တည်နေခဲ့သည်၊ Canalys ၏အဆိုအရ အရှေ့တောင်အာရှဈေးကွက်တစ်ခုလုံးတွင် တစ်နှစ်ထက်တစ်နှစ် ၁၄ ရာခိုင်နှုန်း(သို့)ယူနစ် ၂၃.၉ သန်းအထိ တိုးတက်လာခဲ့သည်။ AI ၏ စွမ်းရည်များပါဝင်သည့် အဆင့်မြင့်ထုတ်ကုန်များကို အာရုံစိုက်လျက်ရှိသော Samsung မှဦးဆောင်သည့် အမေရိကန်ဒေါ်လာ ၆၀၀ ကျော်တန်ဖိုးရှိသည့်ဖုန်းများပါရှိသော ပရီမီယံအပိုင်းသည်လည်း ၁၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

SourceVneXpress

DOCA(ရန်ကုန်)