Main menu

၂၀၂၄ ခုနှစ်၏ ပထမ ၇ လတွင် ကမ္ဘောဒီယား-ဗီယက်နမ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံရောက်ရှိ

Powered by Drupal

     ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့၏ ကုန်သွယ်မှုသည် ယခုနှစ်ပထမ ၇ လတာ ကာလတွင် သိသာထင်ရှားသည့် ကြီးထွားမှုပြသခဲ့ပြီး အိမ်နီးချင်းနှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယကျော် ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၎င်းပမာဏသည် လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၃.၅ % မြင့်တက်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းမှု နက်ရှိုင်းခြင်းကို ပြသခြင်းဖြစ်ကြောင်း သိရပါသည်။ အချက်အလက်များအရ ကမ္ဘောဒီးယားမှ ဗီယက်နမ်သို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ် တူညီကာလထက် ၃၇% မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ယခုလိုမြင့်တက်လာမှုသည် အဝတ်အထည်နှင့် အသုံးအဆောင်များ၊ စက်ပစ္စည်းနှင့် လျှပ်စစ်တပ်ဆင်မှုပစ္စည်းများ၊ ရာဘာနှင့် များစွာသော စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများပါဝင်သည့် ကမ္ဘောဒီးယားထုတ်ကုန်များအတွက် ဝယ်လိုအား မြင့်တက်လာသောကြောင့်ဖြစ်ကြောင်း သိရပါသည်။ အခြားတစ်ဖက်တွင် ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်ထံမှ အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ၁၂.၉% မြင့်တက်လာကြောင်းသိရပါသည်။ အဓိကတင်သွင်းကုန်များတွင် လောင်စာဆီနှင့် ဓာတ်သတ္တုဆီ၊ စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများ၊ ကြိုးအမျိုးမျိုး၊ ယာဉ်များနှင့် အခြားပစ္စည်းများပါဝင်ကြောင်း သိရပါသည်။ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ကမ္ဘောဒီးယားနိုင်ငံမှ ကမ္ဘာ့ဈေးကွက်သို့ စုစုပေါင်းတင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၄% မြင့်တက်လာကြောင်း သိရပါသည်။ အမေရိကန်သည် ကမ္ဘောဒီးယား၏ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံ (၆.၄ % မြင့်တက်)ရှိကြောင်း သိရပါသည်။ အခြားထင်ရှားသည့် တင်ပို့မရာ ဈေးကွက်များတွင် တရုတ်နိုင်ငံ  (အမေရိကန်‌ဒေါ်လာ ၉၇၅ သန်း) နှင့် ဂျပန် (အမေရိကန်ဒေါ်လာ ၇၆၄ သန်း) တို့ပါဝင်ကြောင်း သိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)